Sunday, 18 August 2013
သတ်ပုံမှားတဲ့ လက်
ကဗျာတစ်ပုဒ် သီကုံးပြီးတိုင်း
သတ်ပုံ အမှားတွေကြောင့်
ရင်ဘတ်ကြီး ဆောင့်ဆောင့် အကန်ခံရတယ်။
ဘဝ ဝမ်းစာ ဝမ်းတစ်ထွာ အတွက်
ငယ်စဉ် အခါ ပညာမရှာပဲ
စိးပွားရှာခဲ့တဲ့ ကျုပ်
ခုမှ နောင်တရချင်သလိုလို
ခုတော့
ရင်ဘတ်ကြီး နဲ့ ခံစားရေးသမျှ
ခြေထောက် တွေနဲ့ ကန်ကန်သွားကြတယ်။
လုပ့်လုပ်ရက်လိုက်ကြတာ
ကိုယ်ချင်းစာတရားမရှိ
မျက်နာငယ်နေရပါပြိ ငါ ကဗျာ တွေ
မိုးကောင်းတုန်းတော့ ခင်ဗျာ တို့ အဝ ရွာထား
ကျုပ် အလှည့်ကြရင်
နာဂစ်ထက်ကြမ်းမဲ့ မုန်းတိုင်း တိုက်ပစ်မယ်။
ကမ္ဘာကြီး မပျက်ဆီးသရွေ့
ရင်ဘတ်ကြီး ရင်းထားတယ်
နောက်ထက် ဖူးပွင့်လာမဲ့ ငါ ကဗျာ တွေ
လှပစွာ သီကုံးဖို့
ကျုပ့် " အသုံးလုံး "သင်နေပြီ ................ ။ ။
* ဆူးလွင့်နွေ *
Labels:
ရသကဗျာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment