Sunday 18 August 2013

နှလုံးသားထဲ မှာ ထာဝရတည်နေတဲ့ ကဗျာ


သူပေါ့၊
" ကဗျာ "
ကျုပ့့်   နှလုံးသား မှာ တွယ်ကပ်နေခဲ့တာကြာပေါ့၊
သူ ကို လက်ခံထားမိလို့ လူတွေရဲ့ ကဲ့ရဲ့ဝေဖန်ခြင်း
အရူး ငပါ ဆိုတဲ့ အကြည့်
ကျုပ့့် လူတွေရဲ့ ရယ်စရာ သတ္တ၀ါ တစ်ကောင်ကြီးဖြစ်ခဲ့တယ်၊
သူ အကြောင်း စဉ်းစားလိုက်တိုင်း
အလွဲလွဲ အချော်ချော်ဖြစ်ခဲ့တဲ့ ၀မ်းတစ်ထွာအလုပ်ကြောင့်
အဖေ အမေရဲ့ ပြောဆိုခြင်းကို ခံခဲ့ရတယ်။
ဒါပေမဲ့
သူ ကြောင့် ကျုပ် ဘယ်တော့မှ နောင်တမရဘူး။
သူကြောင့် .....။
ကျုပ် နှလုံးသား တွေ ပိုမိုနူးညံ့လာတယ်။
သူကြောင့် ....။
ကျုပ် ဦးနှောက်တွေမှာ အသိတရား တွေ တစ်ခုပြီး တစ်ခု တိုးပွားလာတယ်။
ကျုပ် ၀မ်းနည်းစွာ ငိုကြွေးတိုင်း  သူက အမြဲလိုလို နှစ်သိမ့်ပေးတယ်။
သူကြောင့် ....။
ကျုပ် ပျော်ရွှင်ခဲ့ရတယ်။
ဒါကြောင့် ....။
သူ ဟာ ကျုပ် ရဲ့ အရှင်သခင်
ကျုပ် ရဲ့ ထာဝရ အဖော်မွန်ပါ
ကမ္ဘာကြီးမပျက်သရွေ့ ကျုပ် နှလုံးသား မှာ
ထာဝရတည်နေမှာပါ။




*  ဆူးလွင့်နွေ *

No comments:

Post a Comment