ကာရံတခု နဲ့ သက်ဝင်နေတယ်
အဲ့ဒီည
လမသာဘူး
ကြယ်တွေ မှိန်နေတယ်
လေညင်းသော့သော့
အပြေးနှင်လို့
တိမ်စိုင်တွေ မဲခနဲ
မိုးအဖြစ်ရွာချ
အဲ့ဒီည တည
ကျနော်---
ဘာတွေ တွေးနေမိသလဲ ? ............။
Thaepon
လရိပ်ချို ကောင်းကင်အောက်က
တရေးရေးမြင်နေရတဲ့
ချစ်သူ ရဲ့ အိမ်လေး
ငါ အတွေးမှာတော့
ဒီအိမ်လေး ရဲ့အိမ်သား
ဘယ်အချိန်များ ဖြစ်မလည်းလို့
ငေးငေးကြည့်ရတာ
တဖြည်းဖြည်း
အိပ်ပျော်သွားတဲ့
အထိပါပဲ ............။
တရေးရေးမြင်နေရတဲ့
ချစ်သူ ရဲ့ အိမ်လေး
ငါ အတွေးမှာတော့
ဒီအိမ်လေး ရဲ့အိမ်သား
ဘယ်အချိန်များ ဖြစ်မလည်းလို့
ငေးငေးကြည့်ရတာ
တဖြည်းဖြည်း
အိပ်ပျော်သွားတဲ့
အထိပါပဲ ............။
ဆူးလွင့်နွေ
No comments:
Post a Comment