Friday 2 August 2013

မိန်းမလှကျွန်း သို့ အရောက်

တောက်ပတဲ့ကောင်းကင်   လမင်းနဲ့အပြိုင်ကျဲ

အစိုင်အခဲတွေကြားမှာ အချစ်ရှိလား

အဆုံးမရှိတဲ့ အဏ္ဏ၀ါ
သမုဒ္ဒရာ ထဲမှာရော အချစ်ရှိလားး

လေထုကို ဖမ်းဆုပ်

သွေးစုပ်ဖုတ်ကောင်လောက်မှ

အဆင့်မရှိတဲ့ ငါဘ၀မှာ

ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်တော့

ဖြစ်မလာနိုင်တာ အမှန်ပဲ

ပုံရိပ်က ၀ိုးတ၀ါး မသဲကွဲတဲ့ရှာပုံတော်

အပူမီးဆိုတာသိရက်နဲ့ဝင်တိုး

ဖိုးဖလံမျိုး    ငါဘ၀ဟာ

ရွှေသမင် အလိုက်မှားတဲ့

မုဆိုးတစ်ကောင်လို

တောသုံးတောင်ကို မနှံစပ်တော့ 
ကကြိုးတွေထဲမှာနစ်မျှော

အချစ်သဘောကို သိဖို့အတွက်

ခြေရာချင်းလည်းအထပ်ထပ်ပေါ့။

မျက်စိ ကိုဖွင့် နားကိုစွင့်ပြီး

တစ်ချက်နားထောင်ကြည့်တော့

မျက်ရည်တွေကို
ပုလဲအဖြစ် ဖန်ဆင်းနေတာ

မင်းကိုး ...........
ပန်ဆင် အုံးပေါ

ကမာကောင် အဖြစ်နဲ့ ငါ က

ချစ်ဗျူဟာ မကျွမ်းကျင်သေးတော့

မင်းးနဲ့ပက်သက်တိုင်း

ရှုံးပြီးရင်းရှုံး ဆုံးပြီးရင်းဆုံးပေါ့

လုံးလုံး ဥပေက္ခာမပြုနိုင်သမျှတော့

သူ မေတ္တာ အလျော်ပြန်ရရင်

နောက် တစ်ခေါက်
ခရီးက ရှည်ဦးမယ်...................။


ဆူးလွင့်နွေ

No comments:

Post a Comment