ဘ၀က ကြမ်းတယ်
အလုပ်က လမ်းတံတား
အပန်းဖြေ ခရီးထွက်
ဖိနပ်က ပျက်
ကယ်သူမဲ့ သူစိမ်းတွေထဲ
ငါ .....
ဒီလစာတော့ ထုတ်ခဲ့တယ်...... ။
(အလင်းရိပ်)
တစ်ပဲခြောက်ပြားနဲ့
အသဲဖောက်စားမခံချင်ခဲ့
ကိုယ့်သိက္ခာကိုယ်ပြန်ထမ်း
အပြန်လမ်းမှာ ပန်းတွေကြွေခဲ့ပေါ့........... ။
(ရိုးရာ)
နေတစ်ခြမ်း လတစ်ခြမ်းနဲ့
ကန္တာရထဲကပန်း
နွမ်းဖို့မေ့လောက်အောင် ပူနေတဲ့ဘ၀လမ်းထဲ
သက်ပြင်းတွေသာ လမ်းလျှောက်ထွက်ခဲ့ ..... ။
(မိုင်း)
ခေါင်းမူးတယ် ...
ရင်တုန်တယ်
အဲဒီနေရာမှာ ထိုင်ချလိုက်ဖို့မဖြစ်
ညစ်သထက်ညစ်သွားရင်လည်း
ဘ၀က မလှဘူး .......... ။
(လွဏ်းသွေး)
လှပတဲ့ကံကြမ္မာ
ငါ့ရှေ့ ဒူးထောက်လာစေဖို့
မလှပခဲ့တဲ့ သမိုင်းစာမျက်နှာကို
ကြက်ခြေခတ်ခဲ့ .....
နှလုံးရည်မပြည့်တဲ့ ဘ၀ကို
ကျောသပ်ရင်သပ် ချော့မြူရင်း
ဘ၀ခရီးကြမ်းမှာ အလှပန်းတွေပွင့်စေဖို့" . . . . . . . . . . " ။ ။
( ဆူးလွင့်နွေ )
No comments:
Post a Comment