ကိုကို တွေ လမ်းသလားတဲ့ မြို့
ပျိုမေတွေ အရမ်းလှတဲ့ မြို့
အဲ့ဒီမြို့ .............။
thaepone
ပေါင်ပေါ်ဖော် တရုတ်မမြို့
မြန်မာအမွေ ခမ်းနားတဲ့ မြို့ပေါင်ပေါ်ဖော် တရုတ်မမြို့
လ္ဘရည်ဆိုင် ယဉ်ကျေးမှု မြို့
အဲ့ဒီမြို့ ...............။
မိုင်း
တစတစ တိမ်ကော ပျောက်ကွယ်
သူစိမ်းတွေနဲ့ ရှုပ်ထွေးနေတဲ့ မြို့
အဲ့ဒီမြို့ ..............။
လင်းသုတ ( ရွှေထီး )
ကားသံက တ၀ူးဝူးဆိုင်ကယ်သံက တဗြူးဗြူး
ရင်ခုန်သံက ခပ်မြူးမြူး
ကာလာစုံတွေက ခပ်များများ
ကျူံးဘေးမှာ အခြောက်တွေက မဟားဒရား
အဲ့ဒီမြို့ ..................။
ဆူးလွင့်နွေ
ဆူညံနေတဲ့ ခြင်သံတွေနဲ့ဆရာဖေ ကွေးတဲ့ဆောင်းက
မန္တလာမှာ မအေးတော့ဘူး
ဒီမြို့ ဒီပြဿဒ်ရဲ့ ပရ၀ုဏ်
မိုးခေါင်ပြီး ပေါချောင်လာတဲ့
ကျွန်တော် ကျွန်တော် နဲ့ မြို့
အဲ့ဒီမြို့ ...................။
အောင်းမင်သူ ( ရဝေ )
ဆိုင်ကယ်သာရှိ နေရာသိ
အချိန်မလို ငွေမလိုပဲ
စိတ်သွားတိုင်းမှာ ကိုယ်ကပါ
လည်စရာပတ်စရာပေါများတာ
ရန်ကန်သူတွေကြိုက်တဲ့မြို့
အဲ့ဒီမြို့ .............................။
အလင်းရှင်မလေး
အဲဒီမြို့ အဲဒီမြို့တွေချည်းပဲ ပြောသွားလိုက်ကြတာ
မိုးကို သည်းရောပဲ ....
နှစ်ရက်ဆက်တိုက် ၊
ကိုယ်တိုင်မပြောတတ်တဲ့ မြို့အကြောင်းကို
လင်းလင်းရဲ့ မန္တလေးမြို့သေဆုံးခြင်းက ပြောလိမ့်မယ်
ကိုယ်တိုင် မတွေးတတ်တဲ့ မြို့အကြောင်းကို
အပေါ်က ဆရာကြီးတွေ တွေးပြ ချပြသွားပြီ
ထို့ကြောင့် ၊ ဤသို့သောအကြောင်းကြောင့်
နိဂုံးသည် လှလှပပဟု မည်ထိုက်မမည်ထိုက်
ကဗျာဖတ်သူ သင်၌သာ တာဝန်ရှိ၏ ....................။ ။
လွဏ်းသစ်မှူး
No comments:
Post a Comment