Sunday 18 August 2013

နှလုံးသားထဲ မှာ ထာဝရတည်နေတဲ့ ကဗျာ


သူပေါ့၊
" ကဗျာ "
ကျုပ့့်   နှလုံးသား မှာ တွယ်ကပ်နေခဲ့တာကြာပေါ့၊
သူ ကို လက်ခံထားမိလို့ လူတွေရဲ့ ကဲ့ရဲ့ဝေဖန်ခြင်း
အရူး ငပါ ဆိုတဲ့ အကြည့်
ကျုပ့့် လူတွေရဲ့ ရယ်စရာ သတ္တ၀ါ တစ်ကောင်ကြီးဖြစ်ခဲ့တယ်၊
သူ အကြောင်း စဉ်းစားလိုက်တိုင်း
အလွဲလွဲ အချော်ချော်ဖြစ်ခဲ့တဲ့ ၀မ်းတစ်ထွာအလုပ်ကြောင့်
အဖေ အမေရဲ့ ပြောဆိုခြင်းကို ခံခဲ့ရတယ်။
ဒါပေမဲ့
သူ ကြောင့် ကျုပ် ဘယ်တော့မှ နောင်တမရဘူး။
သူကြောင့် .....။
ကျုပ် နှလုံးသား တွေ ပိုမိုနူးညံ့လာတယ်။
သူကြောင့် ....။
ကျုပ် ဦးနှောက်တွေမှာ အသိတရား တွေ တစ်ခုပြီး တစ်ခု တိုးပွားလာတယ်။
ကျုပ် ၀မ်းနည်းစွာ ငိုကြွေးတိုင်း  သူက အမြဲလိုလို နှစ်သိမ့်ပေးတယ်။
သူကြောင့် ....။
ကျုပ် ပျော်ရွှင်ခဲ့ရတယ်။
ဒါကြောင့် ....။
သူ ဟာ ကျုပ် ရဲ့ အရှင်သခင်
ကျုပ် ရဲ့ ထာဝရ အဖော်မွန်ပါ
ကမ္ဘာကြီးမပျက်သရွေ့ ကျုပ် နှလုံးသား မှာ
ထာဝရတည်နေမှာပါ။




*  ဆူးလွင့်နွေ *

သတ်ပုံမှားတဲ့ လက်


ကဗျာတစ်ပုဒ် သီကုံးပြီးတိုင်း
သတ်ပုံ အမှားတွေကြောင့်
ရင်ဘတ်ကြီး ဆောင့်ဆောင့် အကန်ခံရတယ်။

ဘဝ ဝမ်းစာ ဝမ်းတစ်ထွာ အတွက်
ငယ်စဉ် အခါ ပညာမရှာပဲ
စိးပွားရှာခဲ့တဲ့ ကျုပ်
ခုမှ နောင်တရချင်သလိုလို

ခုတော့
ရင်ဘတ်ကြီး နဲ့ ခံစားရေးသမျှ
ခြေထောက် တွေနဲ့ ကန်ကန်သွားကြတယ်။

လုပ့်လုပ်ရက်လိုက်ကြတာ
ကိုယ်ချင်းစာတရားမရှိ
မျက်နာငယ်နေရပါပြိ ငါ ကဗျာ တွေ
မိုးကောင်းတုန်းတော့ ခင်ဗျာ တို့ အဝ ရွာထား
ကျုပ် အလှည့်ကြရင်
နာဂစ်ထက်ကြမ်းမဲ့ မုန်းတိုင်း တိုက်ပစ်မယ်။

ကမ္ဘာကြီး မပျက်ဆီးသရွေ့
ရင်ဘတ်ကြီး ရင်းထားတယ်
နောက်ထက် ဖူးပွင့်လာမဲ့ ငါ ကဗျာ တွေ
လှပစွာ သီကုံးဖို့
ကျုပ့် " အသုံးလုံး "သင်နေပြီ ................ ။              ။



* ဆူးလွင့်နွေ *

အထိးကျန်နေ့ရက်တို့


တနေ့ တနေ့

သောက်လိုက်ရတဲ့ ဆေး

မနက် သောက်

နေ့ သောက်

ည သောက်

လူမမာတစ်ယောက်လို နေနေရတာ

ငြိးငွေ့ပြီ .............။



လေချဉ်တတ်တိုင်း ခုန်ထွက်လာတဲ့

ကာလာစုံရနံ့တွေ

ကြာတော့

ကိုယ့်ကိုယ်ကိုတောင် မသတိချင်တော့

ရောဂါတော့ မသိ

အသက်တော့ ပျောက်ချင်လာပြီ ..........။



အိမ်တွင်းအောင်း ဘ၀ နဲ့

တစ်ကိုယ်တည်းနေလေရတာကြာပြီ

အခုမှ ငါ့ ဘ၀ ပိုမိုအထိးကျန်နေသလို

အဖော်ဆိုတာ မရှိ

အားပေးဖော်ဆိုတာ ဝေး

ချစ်ရတဲ့သူကပါ ငါဘေးမှာမရှိ

ငါ့ ဘေးမှာရှိနေတာက

ငါ့ အရွံမုန်းဆုံး ဆေးတွေပဲ ..........။



                                         ဆူးလွင့်နွေ

ရေစိုမခံတဲ့ ခေါင်း


ရေးချိုးတိုင်း သတိ
မိုးတောထဲထွက်တိုင်း သတိ
ဘာလုပ်လုပ် သတိ


ညှော်နံခံလို့ မရ
ရေစိုလဲ မခံ
နှစ်သိန်းတန်တဲ့ ဒီခေါင်း
ဆေးရုံကို ပြန်မပြေးရဖို့
သတိ ကိုဆောင်းထားခဲ့ရတယ်


အမေ ဒီနေ့ဆေးခန်းပြရမှာ
ဆေးဖိုးတောင်းတိုင်း
ညှိုးငယ်သွားတဲ့ အမေ့မျက်ဝန်း
ဘာဆိုတာမသိပေမယ့်
အမေ့ သောကတွေနဲ့ပဲ
ငါ ဆေးခန်းဘက်ထွက်ခဲ့
သောခတ်မထားတဲ့ ငါ့နားထဲ
ခပ်ကြမ်းကြမ်း မွှေနှောက်လာတဲ့ သတင်း
" ငါ့ရဲ့ ဆေးဖိုး နေ့ပြန်တိုးနဲ့တဲ့ "


မသေနိုင်တဲ့ ဝေဒနာအတွက်
မကြေနိုင်တဲ့ အကြွေး တွေ
အမေ ထမ်းပိုးခဲ့ရပြီပေါ့


သားသ္မီးရတာ နာလှပါတဲ့ အမေ
လျှောက်ချင်တဲ့ နေရာလျှောက်
သောက်ချင်တဲ့ အချိန် သောက်
ပျောက်ချင်တဲ့ အချိန် ပျောက်တတ်တဲ့ သား
နှစ်သိန်းမကတန်တဲ့ ဒီခေါင်းနဲ့
အမေ့သောကကို
ခမောက်လုပ်ဆောင်းလိုက်တဲ့ ခဏ
အသိတရားရဖို့တော့
သားကြိုးစားရဦးမှာပေါ့ အမေ ..........။                ။


                                                    ဆူးလွင့်နွေ

ပြောချင်တာတွေ ပြောပြချင်တယ် သိရိ


ပြောချင်တာ
ရက် အကန့်အသက်မရှိ ပိက်လှောင်ခံထားရတဲ့ ဘဝ
မွန်းကျင်ခြင်းများနဲ့ ရင်ဘတ်
နှစ်ခြမ်း ၊ သုံးခြမ်း ၊ လေးခြမ်း ကွဲမထွက်ခင်ပေါ့
ပြောပြချင်မိတဲ့ဆန္ဒ သိုဝှက်ခြင်းခံခဲ့ရတယ်
သို့သော်.......

မေးချင်တယ် ။
" ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုတ် "
ကိုယ့် လှေ က ငါးခုံးမ တစ်ကောင်ကြောင့်ပုတ်တာနဲ့ 
မဆိုင်တဲ့ ငါးခုံးမ အပြစ်တင်နေရတာလဲ
ရှိစေတော့
ရှိစေတော့
ဒီပုပ်ထဲက ပဲ ဒီပဲ ဆိုတဲ့ ရှေးစကားက ရှင်သန်နေဆဲဆိုတော့

တွေးစေချင်တယ် ။
မဲမဲမြင် အသိုက်ဖျက်တိုင်း ကျီးကန်းဆိုပြီး
ဆင်ခြင်တရားမဲ့ လိုက်သတ်နေမယ်ဆိုရင်
လွတ်လပ်စွာပျံသန်းမဲ့ ငှက်တွေရဲ့
ဘဝ
အနာဂတ်က မတွေးရဲစရာပဲ

ပြောပြီ ။
စေတနာသဒ္ဒါတရားနဲ့ ပြည်သူတွေကြားချပေးထားတဲ့ 1500 ဆင်းကဒ်
နှစ်သိန်းတန်တောင် ယှဉ်ဖိုက်နေလေရဲ့
ခုတော့
ဦးဏှောက်ကြောတွေ ပြက်အောင်ရပ် 
ပေါက်မဲအတွက် ငါ့ ရပြီးသား လက်မှတ်လေး ပြန်နှိက်နေရ

သိရိ ။
2015အတွက် ရင်ခုန်နေမိတယ်
နင် နဲ့ ငါ့ ရဲ့ ချစ်သက်တမ်း သုံးနှစ်ပြည့်မဲ့နေ့ပါ့
မိုးသက်မုန်းတိုင်းတွေ မတိုက်ဖို့ တို့တွေ ဆုတောင်းရအောင်

ချစ်တယ် ။
သိရိ ဒါ နိုင်ငံရေး ကဗျာ မဟုတ်
နင်ကြောင့် ခံစားနေရတာတွေ ခြစ်ထုတ်ထားတဲ့
နူးညံ့တဲ့ နှလုံးသားက ပွင့်ဖက်လေးတွေပေါ့
မယုံရင် နင် လာကြည့်
အချစ်ရဲ့ ဂီတသံဇဉ်တွေနဲ့ အလွမ်းတွေ က ခုန်နေကြတယ် ........။                 ။



                                                         ဆူးလွင့်နွေ

နတ်ဆိုးနဲ့ အရှင်သခင်

 
ငါ့ရဲ့အသိစိတ်မှာ မင်းကနတ်ဆိုးပါ....
ငါ့ရင်ကိုတဆတ်ဆတ် နာကျင်စေခဲ့တဲ့ နတ်ဆိုး........
ငါ့ဘ၀ ငါ့အချိန် ငါ့အချစ်တွေကို စုပ်ယူသွားတဲ့
နတ်ဆိုးတစ်ကောင်ပေါ့..........
ဒါပေမဲ့
ငါ့ရဲ့မသိစိတ်မှာ မင်းက တန်ခိုးရှင်....
ပြန်တွေးတိုင်းပြုံးရယ်နိုင်စေမဲ့
ပျော်စရာကောင်းတဲ့အတိတ်တစ်ခုကို
ဖန်ဆင်းပေးခဲ့တဲ့ တန်ခိုးရှင်လေးပါ.....။
 
 
                                           "  အလင်းရှင်မလေး "
 
 
ငါ့ရဲ့ အသိစိတ်မှာ မင်းကနတ်ဆိုးပါ
နတ်ဆိုးဆိုတဲ့အတိုင်း
မင်းရဲ့လှုပ်ရှားမှုတိုင်းဟာ ကြောက်စရာ
မြောက်လေလာရာကို ငေးကြည့်မိတိုင်း
အဲဒီနတ်ဆိုးဆိုတဲ့ မင်းကို သတ်ချင်မိတယ်။
 
ငါ့ရဲ့ မသိစိတ်မှာ မင်းက တန်ခိုးရှင်
ဝေဟင်အထက်မှာ ပျံဝဲနေဆဲ ငှက်ငယ်ဟာ
တေးသံသာ သီချင်းကိုပဲ ဆိုချင်ရှာမှာ
ဆိုတော့ ....
ငါဟာလည်း အလှပဆုံးဘ၀ကိုပဲ တည်ဆောင်ချင်ခဲ့
အဲဒီ စေတသိတ်ကြောင့်ပဲ
ရူးသွပ်ခဲ့ဖူးတဲ့ နေ့တွေ .............
မိုက်မဲခဲ့ဖူးတဲ့ ညတွေ .........................
အများကြီးလိုတော့ မဆိုလိုပါဘူး ၊
အမှတ်ရတိုင်း ပေါ့ ။
 
အဲဒီလို အဖြစ်အပျက်မျိုးတွေနဲ့
ဖြစ်ပျက်ခဲ့ပြီးသွားတော့မှ
ဒဏ်ရာဆိုတာ မထင်မှတ်တဲ့နေရာက
ကိုယ်ပျောက်ဝတ်စုံနဲ့ ပေါ်လာတာ
ငါ ဘယ်တတ်နိုင်မလဲ
ခါးမှန်းမသိလို့ သောက်မိတဲ့ ဆေးကိုမှ
နှစ်ခြိုက်စွာ သောက်လိုက်မိသလို
ငါ့မျက်ရည်က ငါ့ပါးပြင်မှာ အလိမ့်လိမ့်
သိမ့် သိမ့်ပြီး ရှိုက်ငိုရလောက်အောင် ......
 
 
ချစ်တယ် ......
ချစ်တယ်ဆိုတာ ဘယ်လိုအကောင်မျိုးလည်း
ငါ့အသည်းလည်း ကွဲသွားပြန်ပြီ
လေထဲ ၀ဲပလိုက်ရအောင်လည်း
ငါ့မှာ အင်အားမရှိဘူး
အရင်က ယစ်မူးခဲ့ဖူးတဲ့ အဲဒီတောင်ပေါ်မှာ
ဘုရားအတူတက်
မုန့်အတူစား
ချစ်စကားတွေပြောခဲ့ကြတာ  ......
အဲဒါတွေက ပုံပြင်တွေလား
မယုံနိုင်စရာ အဖြစ်အပျက်တွေကိုမှ
ငါက ကြည်နူးနေမိတာ
အပြစ်လို့တော့ မပြောလိုက်ပါနဲ့ကွယ် ။


နတ်ဆိုးးးးး
မင်းဟာ နတ်ဆိုးးးးးးး
နတ်ဆိုးရဲ့ လက်နဲ့  နိဂုံးအချုပ်ခံရတဲ့သားကောင်
ဒီလိုသားကောင်မျိုးပေါ့
ပျော်ရာမှာ မနေ
တော်ရာမှာ နေကြရအောင်လား
အိပ်မက်များ ငါ့ဆီ ပြန်မလာသေးသရွေ့။    ။
 
 
 
ဆူးလွင့်နွေ / လွဏ်းသစ်မှူး
4;30 PM
8/17/2013

ဝဋ်နာ ကံနာ ( ၂ )



အဆင်မပြေခြင်းများစွာထဲမှ
ရှားရှားပါးပါး ကျေနပ်စရာက
အလင်းရောင်လို့ တစ်ခုလို့ထင်ခဲ့ပေမယ့်
လွတ်မြောက်ဖို့ အခွင့်အရေး
ကံတရားက မျက်နာသာပေးခြင်းမရခဲ့  .....
ဆိုးရွားတဲ့ ရေစက်တွေနဲ့
ကြုံဆုံရတဲ့ ဘ၀မှာ
ပတ်သက်ခဲ့ရ ဆုံတွေ့ခဲ့ရ
အားလုံးအားလုံး တစ်အဖြစ်မရောက်ခဲ့ .......
သုည အတိုင်းရှိနေပြီ
ကြာလာတော့
( - ) ဘက်သို့ ဖြောင့်ဖြောင့်တန်းတန်းပဲ
တွက်တဲ့ ပုစ္ဆာတိုင်းရဲ့ အဖြေ က
တစ်ထပ်တည်း တစ်ထေရာထဲပါပဲ
ရှုံးနိမ့်ခြင်း
ထပ်၍ ထပ်၍ ရှုံးနိမ့်ခြင်း ..........။             ။


                 ဆူးလွင့်နွေ