Sunday 18 August 2013

နတ်ဆိုးနဲ့ အရှင်သခင်

 
ငါ့ရဲ့အသိစိတ်မှာ မင်းကနတ်ဆိုးပါ....
ငါ့ရင်ကိုတဆတ်ဆတ် နာကျင်စေခဲ့တဲ့ နတ်ဆိုး........
ငါ့ဘ၀ ငါ့အချိန် ငါ့အချစ်တွေကို စုပ်ယူသွားတဲ့
နတ်ဆိုးတစ်ကောင်ပေါ့..........
ဒါပေမဲ့
ငါ့ရဲ့မသိစိတ်မှာ မင်းက တန်ခိုးရှင်....
ပြန်တွေးတိုင်းပြုံးရယ်နိုင်စေမဲ့
ပျော်စရာကောင်းတဲ့အတိတ်တစ်ခုကို
ဖန်ဆင်းပေးခဲ့တဲ့ တန်ခိုးရှင်လေးပါ.....။
 
 
                                           "  အလင်းရှင်မလေး "
 
 
ငါ့ရဲ့ အသိစိတ်မှာ မင်းကနတ်ဆိုးပါ
နတ်ဆိုးဆိုတဲ့အတိုင်း
မင်းရဲ့လှုပ်ရှားမှုတိုင်းဟာ ကြောက်စရာ
မြောက်လေလာရာကို ငေးကြည့်မိတိုင်း
အဲဒီနတ်ဆိုးဆိုတဲ့ မင်းကို သတ်ချင်မိတယ်။
 
ငါ့ရဲ့ မသိစိတ်မှာ မင်းက တန်ခိုးရှင်
ဝေဟင်အထက်မှာ ပျံဝဲနေဆဲ ငှက်ငယ်ဟာ
တေးသံသာ သီချင်းကိုပဲ ဆိုချင်ရှာမှာ
ဆိုတော့ ....
ငါဟာလည်း အလှပဆုံးဘ၀ကိုပဲ တည်ဆောင်ချင်ခဲ့
အဲဒီ စေတသိတ်ကြောင့်ပဲ
ရူးသွပ်ခဲ့ဖူးတဲ့ နေ့တွေ .............
မိုက်မဲခဲ့ဖူးတဲ့ ညတွေ .........................
အများကြီးလိုတော့ မဆိုလိုပါဘူး ၊
အမှတ်ရတိုင်း ပေါ့ ။
 
အဲဒီလို အဖြစ်အပျက်မျိုးတွေနဲ့
ဖြစ်ပျက်ခဲ့ပြီးသွားတော့မှ
ဒဏ်ရာဆိုတာ မထင်မှတ်တဲ့နေရာက
ကိုယ်ပျောက်ဝတ်စုံနဲ့ ပေါ်လာတာ
ငါ ဘယ်တတ်နိုင်မလဲ
ခါးမှန်းမသိလို့ သောက်မိတဲ့ ဆေးကိုမှ
နှစ်ခြိုက်စွာ သောက်လိုက်မိသလို
ငါ့မျက်ရည်က ငါ့ပါးပြင်မှာ အလိမ့်လိမ့်
သိမ့် သိမ့်ပြီး ရှိုက်ငိုရလောက်အောင် ......
 
 
ချစ်တယ် ......
ချစ်တယ်ဆိုတာ ဘယ်လိုအကောင်မျိုးလည်း
ငါ့အသည်းလည်း ကွဲသွားပြန်ပြီ
လေထဲ ၀ဲပလိုက်ရအောင်လည်း
ငါ့မှာ အင်အားမရှိဘူး
အရင်က ယစ်မူးခဲ့ဖူးတဲ့ အဲဒီတောင်ပေါ်မှာ
ဘုရားအတူတက်
မုန့်အတူစား
ချစ်စကားတွေပြောခဲ့ကြတာ  ......
အဲဒါတွေက ပုံပြင်တွေလား
မယုံနိုင်စရာ အဖြစ်အပျက်တွေကိုမှ
ငါက ကြည်နူးနေမိတာ
အပြစ်လို့တော့ မပြောလိုက်ပါနဲ့ကွယ် ။


နတ်ဆိုးးးးး
မင်းဟာ နတ်ဆိုးးးးးးး
နတ်ဆိုးရဲ့ လက်နဲ့  နိဂုံးအချုပ်ခံရတဲ့သားကောင်
ဒီလိုသားကောင်မျိုးပေါ့
ပျော်ရာမှာ မနေ
တော်ရာမှာ နေကြရအောင်လား
အိပ်မက်များ ငါ့ဆီ ပြန်မလာသေးသရွေ့။    ။
 
 
 
ဆူးလွင့်နွေ / လွဏ်းသစ်မှူး
4;30 PM
8/17/2013

No comments:

Post a Comment