Friday 9 August 2013

ငါ့ရဲ့ အခြားတစ်ဘက်


မိုးကောင်းကင်ကြီးက စိမ်းလန်းစိုပြေလို့
ကမ္ဘာမြေကြီးက မိုးရေတွေ ရွာသွင်း
အ၀ိစိတွင်းနဲ့ လူတွေ အသက်ရှင်ခဲ့ ..........။

မာယာများနဲ့ ည    အိပ်ပျက်နေမိ
မိုးကောင်းကင်ကို မော့ကြည့်တော့
ကြယ်ကလေးတွေနဲ့
ခဏတာ  
အမြင်အာရုံထိတွေ့ခွင့်ရခဲ့ .............။

လင်းအားပေးတဲ့ ကြယ်ကလေးတို့ရယ်
ဝေးနေတာပဲ ကောင်းပါတယ်
ငါ့ရဲ့ ဘဝ
မဖြူစင်တော့လို့ပါ ..............။

                                     ဆူးလွင့်နွေ

No comments:

Post a Comment