Sunday 30 June 2013

( ( ( အတိတ်ပန်းချီ ) ) )

တိမ်တွေညို့တတ်လာတိုင်း
ရင်အိမ်တွေပြိုမတတ် လှုပ်ခတ်နေခဲ့
မိုးစက်တွေကို မြင်တဲ့အခါ
အတိတ်ကို သတိရ
ဒီလို မိုးရာသီဆို ငါအတွေးတွေက
ကမ္ဘာတစ်ဖက်ဆီက ချစ်သူကိုတမ်းတ
မလှမပတဲ့ ကဗျာတွေ အသက်သွင်းနေရ ....... ။        ။
လွမ်းတယ် ညီမလေးရယ် .......
သတိရတိုင်း လိုက်လှန်ဖတ်ကြည့်မိတဲ့
အတိတ်က စာမျက်နာ
မိုးတွေရွာတိုင်း အတူပျော်
အတူတူလျှောက်လှမ်းခဲ့တဲ့
ကိုကိုတို့နှစ်ယောက်ကို
ကံတရားက
ဟို...... အဝေးဆုံးတစ်ဖက်ဆီ တွန်းပို့ခဲ့တယ် ။       ။
ဒါလောကရဲ့ သဘာဝတစ်ခုလား ညီမလေးရယ်
တကယ်ဆို
ကိုကို တို့နှစ်ယောက်ရဲ့ ချစ်ခြင်း
အပြစ်ကင်းစင်ခဲ့ကြပါတယ်
ဒါတောင် ကံတရားက
အငြိုးကြီးစွာနဲ့ ရက်ရက်စက်စက် တစ်ကမ္ဘာဆီခြားပြစ်ခဲ့ကြတယ် ။         ။
ညီမလေးရေ......
အဲ့ဒီနေ့က ကိုကိုတို့နှစ်စ်ဦးရဲ့အဖြစ်ဆိုးကြား
အသက်မဲ့သွားတဲ့ မန္တလေးကျူံးတောင်
အခုဆိုပြန်လည် အသက်ဝင် လှပနေလေရဲ့
ကိုကို နှလုံးသားကတော့
မိုးတွေရွာတိုင်း
သွေးတွေ စို့....စို့လာနေတယ်  ညီမလေးရယ်....... ။               ။



* ဆူးလွင့်နွေ *

( လပြည်ညကို ထုဆစ်ကြည့်ခြင်း )

တအိအိနဲ့ ချီတတ်လာတဲ့
တိမ်စိုင်တိမ်ခဲတွေကြား
ထိန်ထိန်သာမလိုနဲ့ " လ "
ည ရဲ့ အလှကိုကန့်လန့်ကာချရပြီ ။     ။
ကြည်လင်မလိုလိုနဲ့ မည်းမှောင်သွားတဲ့ " ည "
ကောင်းကင်က ဒေါသတွေအလိပ်လိပ်ထွက်
လျှက်စီးတွေ တလက်လတ်နဲ့
ကြယ်တာရာတွေလဲ လန့်/ပုန်းနေရပြီ ။      ။
ကမ္ဘာကြီးတောင် ပြိုမတတ်
လိပ်ပြာလေးတွေတောင်လွင်ထွက်သွားနိုင်တဲ့
ကောင်းကင် ရဲ့ အော်သံ
တစ်လောကလုံးဆူညံနေလေရဲ့ ။       ။
ဖားတွေအော်နေကြပြီ၊
မြွေတွေလည်း ပျော်နေကြပြီ၊
လောကရဲ့နိယာမကိုကြည့်
ငါ .... အထာကျကျပြုံး
ကဗျာတစ်ပုဒ်သီကုံးမိပြီ ။              ။



* ဆူးလွင့်နွေ *

( ( အွန်လိုင်းသုံး ဒုက္ခ ) )

1500 ဆင်းကဒ်
မြန်မာပြည်ကို ချီတတ်
ကွန်နရှင်တွေ ထိုးကျ
အချိန်တွေက ဆောင့်ဆောင့်တက်
ခြင်္သေ့တွေ ခုန်ခုန်ထွတ်တယ်.......။


ဆိုင်/လူကတော့ ဘောစိ
စက်တွေက ကောင်းတာမရှိ
စာတစ်လုံးရိုက်ဖို့အရေး
အသက်ကိုမှန်မှန်ရှူ
မျက်လုံး က ခပ်ပြူးပြူး
သော့တံကို ကိုင်ဆောင်ထားရ
ကီးဘုတ်ကကျွံ သော့တံနဲ့ ထွင်း
ဘေးလူကကြည့် ရယ်ကုန်ကြ၏ .........။


ကွန်နရှင်ပြန်တက်
သောက်မီးက ပျက်
နိုးကြပါဟဲ့ 90 မီးစက်
တပ်ထားတဲ့ ပန်ကာ
လည်ပါများတော့
ဟော..... ချွေးတွေထွက်ကုန်ပြီ ..........။


စိတ်တွေက လေ
စာ/ အကောင့် က ရေး/ပိက်မရ
Restart ကို ချ
အဆဲခံလိုက်ရ ငါ ဘဝ
အမျှ                အမျှ                     အမျှ




* ဆူးလွင့်နွေ *

ခိုဇီရောင် ကောက်ကြောင်း

အ၀င်အထွက်
အတက် အဆင်းတွေများတယ်၊
တစ်ခရီးတည်း အတူလာ
အတူသွား အတူစား
ပညတ်ချက်တော့ ကွဲလွဲ ........။

ကိုယ့်ကိုယ်ကို တော့ချစ်
စစ်တွေဖြစ် အတ္တမီးလျှံတွေကြား
မကြွေသင့်တာတွေ ကြွေ
မဝေသင့်တာတွေ ဝေနေရ .........။

အရှုပ်တွေ လုပ်နေတဲ့ လူတွေကြား
ရေးလိုက် ဖျက်လိုက်
ဖျက်လိုက် ရေးလိုက်နဲ့
သေမင်း လည်း အလုပ်တွေရှုပ်နေပြီ ........။




* ဆူးလွင့်နွေ * 

( 1500တန်ဆင်းကဒ် နဲ့ လူပြိန်းအတွေး )

"ဟဲ့ . . ကြားပြီးပြီလား  1500တန် ဆင်းကဒ်တွေ ချပေးတော့မယ် တဲ့ ။ ဟုတ်လား မိုက်တယ်ကွာ ချပေးလို့ကတော့ ၅လုံးလောက်ဝယ်ကိုင်ပစ်မယ် ။ "
လေလုံးကနည်းတာမဟုတ် အခန့်မသင့် နားထောင်နေတဲ့လူတောင် ပါသွားနိုင်တယ်။
ဟုတ်တော့ ဟုတ်ပါတယ် ဆင်းကဒ်တစ်ခုမှ 1500  ကွမ်းဖိုးဆေးဖိုးရှိတာ ၀ယ်နိုင်တာပေါ့။ ဒါပေမယ့်ဗျာ ၅လုံးလောက် ၀ယ်မယ်ဆိုတော့ ဟန်းဆက်က ဘယ်အဖေက အလကားပေးတယ်မသိဘူး ။
ဒီလိုနဲ့ 1500 တန် ဆင်းကဒ် သတင်းကတော့ ရက်ကွက်ထဲမှာ ဆူညံပွက်လောရိုက်သွားတာပဲ။
တစ်ရက်ထက် တစ်ရက် 1500 ဆင်းကဒ်သတင်းက လွင့်လွင့်လာတယ်။ ထုံးစံအတိုင်း သတင်းက မဟုတ်ကရရော ဟုတ်ကရရောထွက်လာတယ်။
1500ဖုန်းတွေက ဘာဖြစ်တယ် ညာဖြစ်တယ်၊ ဒီလိုနဲ့ ၀ယ်ရမယ့် သူတွေမှာ ဟန့်တန့်တန့်ဖြစ်ကုန်ကြတယ်။
ဆင်းကဒ် ချပေးတဲ့နေ့မှာရက်ကွက်ရုံးမှာ ဆင်းကဒ်ဝယ်ယူသူက မရှိကြတော့ဘူး၊
ဆင်းကဒ်တွေ ဒုတိယအကြိမ် ချပေးခါနီးတော့ သတင်းလေးတစ်ခုထွက်လာတယ် ။ 1500 ဆင်းကဒ်တွေ လေး ၊ ငါးသောင်း နဲ့ ပြန်ဝယ်နေတယ်တဲ့
ဘာပြောကောင်းမလည်းဗျာ၊ လူတွေလောဘတွေတတ်လာကြတယ်။ ရက်ကွက်ရုံးမှာလူတွေအပြည့်   နေရာတွေလု  ရန်တွေဖြစ်ကြ တစ်ချို့ နေပူထဲမှာရပ်နေတော့ ခေါင်းတွေမူး ဦးဏှောက်သွေးကြောတွေပြတ် အသက်တွေတောင်ပေးလိုက်ရတယ်တဲ့ ။ ဒီလောက်ရိုက်ခံပါများနေတာတောင် အသားမာမတည်ပဲ ထောင်ချောက်ထဲတောင်ဆင်းသွားကြသေးတယ်။
တကယ်ပဲ ဆင်းကဒ်တစ်ခု လေး၊ငါးသောင်းပေးဝယ်မယ်ဆိုရင်ဗျာ လူတောင်အပင်ပန်းခံစရာမလိုဘူး၊ ပိုက်ဆံတစ်သောင်းပေးပြီး ပါးရိုက်ခိုင်းလို့ရတယ်။
နောက်ဆို ဟန်းဆက်ဝယ်ရင်တောင် အလကားရမယ့်အရာတွေ၊ ခုတော့ ဆင်းကဒ်လေးတစ်ခုရဖို့ အသက်တွေပေးလိုက်ရတာ ဘယ်လောက် နှမြောဖို့ကောင်းလဲ၊ ရင်မောမိပါတယ်ဗျာ ကျွန်တော်ပြည်သူတွေခမျာ အလကားရမယ့် ရှေ့က ထမင်းထုပ်သာမြင်နေတာ နောက်က ရိုက်မယ့်ဝါးရင်းဒုတ်ကိုမမြင်ကြဘူး။ ခုတော့ တရုပ်အမှိုက်ပုံကြီး မြန်မာပြည်လာပုံထားနေသလို ငွေရပြီးရောဆိုပြီး မရမကလိမ့်တင်နေသော စပယ်ယာကြောင့် ကားကြီးတော့ ကျတ်နေပါပြီ။
                   ဒီထက်ပိုဆိုးလာဖို့မဆိုးဖို့ဆိုတာကတော့.......... ။



*  ဆူးလွင့်နွေ *

☆☆ ☆ ☆ ချစ်မိသော ☆☆☆☆

သူမ .... လောကကြီးအတွက် ပါရမီဖြည့်ဆည်းပေးနေတဲ့ လမင်းလောက်,မထွန်းလင်းမတောက်ပပေမယ့် လမ်းပျောက်နေသော ကျွန်တော့်အတွက်တော့ သူမဟာလမ်းပြကြယ်လေးပေါ့။
ပူလောင်ခြင်းတွေ အိပ်ယာဝင် သောကတွေနဲ့နိုးထ၊ ပေတေခြင်းတွေနဲ့ရွက်လွင့်နေတဲ့ ဂျလေဘီလိုကျွန်တော်တစ်ယောက် သူမနဲ့ အွန်လိုင်းရဲ့ ရင်ပြင်လေးပေါ်မှာ ဆုံဆည်းရင်း ခင်မင်ရင်နှီးမှုကအပြင်လောကထိ စီးဆင်းခဲ့တယ်။
အိုးချင်းထားတော့ အိုးချင်းထိ ကြိုးချင်းထားတော့ ကြိုးချင်းငြိဆိုသလို ကျွန်တော့် နှလုံးသားက မသိမသာလေး သူမ အပေါ် ကပ်ငြိနေလေရဲ့။ မမြင်ဖူးသေးတဲ့ သူမ မျက်ဝန်းတွေကို စိတ်ကူးတွေနဲ့ ပုံဖော်ရင်း ရူးသွပ်နေမိတယ်


☆တီတီတာတာ
ညီညီညာညာ နဲ့
ရယ်စရာတွေ ရှာကြံပြော
မောလည်း မမောနိုင်တဲ့
ကိုတို့ နှစ်ဦးကြား
ဟော .......
ဘုရားကြီးနာရီစင်ကြီး
အမောဖေါက်လာပြီ .......။ ။ ☆

ခရစ္စမတ်နေ့ ......။
ကိုယ် နဲ့ ဘာမှမပတ်သက်၊ မအပ်စပ်တဲ့နေ့။ သူများတွေ ဟက်ပီးနယူးရီးယားဆိုလည်း လိုက်ရူး(ယူး) ခရစ္စမတ်ဆိုလည်း လိုက်မတ်ကြတဲ့ လူရူးတွေ ပျော်ကြတဲ့နေ့ပေါ့။
ဒီနေ့၊ ဒီရက်လေးဟာ ကျွန်တော့်အတွက် အမှတ်တရနေ့လေးဖြစ်လာလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးမိခဲ့ပါဘူး။
အဲဒီနေ့ အပြာရောင်ကောင်းကင်က ငွေမှုံနှင်းတွေ ကြဲချတယ်။ ထို့နောက် သူရိန်နေမင်းက လောကကို အချိန်တော်ကြာထိ ဦးညွတ်တယ်။ ကျွန်တော့်နှလုံးသား သူမရဲ့ ရှတတရယ်သံတွေအောက် ကကြိုးကကွက် စုံလင်နေတယ်။ အချစ်ဆိုသော ခေါင်းစဉ် ကျွန်တော်မတပ်ခဲ့ပါဘူး။


သူမရနံ့၊ သူမရဲ့အပြုံး၊သူမ သံစဉ်တွေနဲ့ ဝေးရတော့မယ်ဆိုတဲ့ အသိ၊ လှုပ်ခတ်သွားတဲ့ ရင်တစ်ပြင်လုံး၊ နှလုံးအိမ်တွေပြိုကျ အချစ်လျှော်ရည်တွေ စီးဆင်းခဲ့တယ်။
" ☆ ကျွန်တော် သူမ ကို ချစ်တယ်
မဟုတ်ဘူး
ဟုတ်တယ်
ကျွန်တော် သူမ ကို ချစ်မိနေပြီ။ "
ချစ်တယ်
ချစ်တယ်
ချစ်တယ်
ချစ်တယ် ☆
အဖြူရောင်စာရွက်လေးတွေပေါ်ရေးတယ်။ ကီးဘုတ်တွေပေါ် ကျွန်တော် အခါခါရိုက်တယ်။ လွယ်တယ်။ လက်တွေ့ဆန်ဆန်ဖွင့်ဟဖို့ကျတော့ ခက်တယ်။
" တိမ်မလိုနဲ့ နက် လွယ်မလိုနဲ့ ခက် "ဆိုတဲ့ ရှေးရိုးစကားအတိုင်းပါပဲ။ သူမ ကို ဖွင့်ပြောမယ့်ကြံတိုင်း ကျွန်တော်နှုတ်ခမ်းဖျား 501ဆင်ကော်နဲ့ ကပ်ထားသလို၊ ဖွင့်ဟလို့မရ ရင်ထဲမှာကြိတ်ပြီးနာရတယ်။

" သီရိ "
" ဟုတ်
ပြောလေ "
" မနေ့ကလေ
ငါ နင့်ကို ချစ်တယ် "
" ဟင် "
မလိမ့်တပတ်နဲ့ ခေါက်ထည့်မယ့် ချစ်စကား၊ ဖျက်ပစ်ခဲ့ပေမယ့် ခလုတ်မှား၍ Enteခလုတ်မှားခေါက်မိခဲ့တယ်။ အမှားထဲက အမှန်လေးတစ်ခုပေါ့။ ကျွန်တော့် ရင်ဘတ်တစ်ခုလုံးတော့ လန်းဆန်းပေါ့ပါးလို့သွားတယ်။
သို့ပေမယ့် မှားလား၊ မှန်လား။ မှန်လား၊ မှားလားဆိုတဲ့ ဒွိဟတွေနဲ့ ကျွန်တော် အိပ်ရေးပျက်ခဲ့ရတယ်။ တကယ်တော့ သူမဘ၀ နဲ့ ကျွန်တော့်ဘ၀၊ သေချာစဉ်းကြည့်တော့ တစ်ဘ၀စာမက်ခွင့်မရှိတဲ့ လှပတဲ့အိမ်မက်အတွက်၊ သက်ပြင်းတွေသာ အခါခါထိုးချလာခဲ့တယ်။
။ .......................................................။

ဝတ်လစ်စလစ်ဖြစ်လို့နေတဲ့ ကောင်းကင်မှာ တိမ်တွေခြေချင်းလိမ်နေတယ်။ စိမ်းလန်းစိုပြေနေတဲ့ သစ်ပင်လေးတွေပေါ်မှာ ကျေးငှက်သာရကာတွေသီကြူးနေတဲ့ သံစဉ်လေးတွေက နဂိုနေ့တွေထက်ချိုလှတယ်။
ရွက်ခြောက်လေးတွေ လေပြေညှင်းတွေနဲ့ ဆော့မြူးနေပုံက ကဗျာဆန်တယ်။ အဲဒီနေ့က တစ်လောကလုံး လှပခြင်းတွေ ဖုံးလွှမ်းလို့နေတယ်။
တဖြုတ်ဖြုတ် ကြွေကျနေတဲ့ ခရေပွင့်တွေကြားမှာ ကျွန်တော်တို့ နှစ်ယောက်ရဲ့အချစ်တွေ ဝေဆာပွင့်ဖူး၍နေတယ်။

" သူကို ဘာလို့ ချစ်တာလဲ " တဲ့ ???????????????
ဖြူစင်တဲ့အချစ်မှာ ဖြေရှင်းချက်ဆိုတာမရှိ သေချာတဲ့ အဖြေတစ်ခုကတော့ ....................

" သီရိ ကို မင်းကိုချစ်တယ် "

။ ................................................ ။

ခရေတွေ အတူကောက်
ရင်ခုန်သံ
စည်းချက်တွေအောက်
အတူ ကခဲ့ကြတဲ့
ကျွန်တော်တို့ နှစ်ဦး
ရွှေမန်းတောင်က
ကောင်းချီးသြဘာ ပေးခဲ့တယ်။

☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆




* ဆူးလွင့်နွေ *

သုံ့ပန်း

ချစ်သူက ပစ်ထားပါတယ်ဆို
သူငယ်ချင်းတွေက လာလာကျပ်
အထာမနပ် မရင့်ကျက်တဲ့ ငါ
ဒဏ်ရာတွေသာ မညီမညာဖြာထွတ်ခဲ့ .......။ ။
ဒီလိုနဲ့ ......
ကြယ်မစုံ ညရဲ့အလယ်
ဝေဒနာတွေ အစုံအလင်နဲ့
သူပစ်ထည့်လိုက်တဲ့ အလွမ်းတွေက
လက်ချောင်းဖျားက ဖေါက်ထွတ်
မျက်တွင်းတွေဟောက်ပက်ဖြစ်တဲ့ထိ
ဘောပင်တစ်ချောင်း၊စာအုပ်တစ်အုပ်
မီးအိမ်တစ်လုံးနဲ့ အာသာဖြေစရာရှားနေခဲ့......။ ။
ကြွေခဲ့ရပါပြီ မျက်ရည်တွေ
တိကျသေချာတဲ့ သတင်း
ထုတ်ပြန်မကြေညာသေးပေမယ့်လဲ
အချိန်မှန်ကျရောက် မွှေနှောက်တတ်တဲ့
မုန်းတိုင်းကြောင့်
ဥပေက္ခာလွင်ပြင်ထဲမှာ
တောင်းဆုတွေသာ အခါခါခြွေနေရတယ် ......။ ။
ချစ်သူ ရယ် ......
ငါ ရဲ့ ခံစားချက်ကို
ဥပေက္ခာပြုထားတဲ့ နင်ရဲ့လုပ်ရက်က
အတ္တမဆန်ပါဘူး
အချစ်ရဲ့ အတ္ထုပ္ပတ္တိကို
လိုက်လှန်ဖတ်ကြည့်မယ်ဆိုရင်
တစ်ဖက်သက် အချစ်သမားတိုင်း
ကြုံဆုံရမဲ့ အချစ်နိယာမပါ......။ ။
ချစ်သူရေ ......
တကယ်တော့
နင်ပြန်လည် အသက်သွင်းပေးခဲ့တဲ့
* ဆူးလွင့်နွေ * ဆိုတဲ့ ငါက
နင်ထားရာမှာ နေ
နင်သတ်ရင်လဲ သေရမယ့်
နင်ရဲ့ " သုံ့ပန်း " လေးပါဟာ .......။ ။



* ဆူးလွင့်နွေ *

Thursday 20 June 2013

မြန်မာစာပေနှင့် သတ်ပုံ၏ နေရာ

မြန်မာစာပေတွင် သတ်ပုံ၏ နေရာသည် ခေတ်အဆက်ဆက်၌ အရေးပါသော အခန်းကဏ္ဍ တစ်ရပ်မှ ရပ်တည်ခဲ့သည်ဟူ၍ ဆိုနိုင်ပေသည်။ ရှေးမြန်မာ မင်းများလက်ထက် ခေတ်အဆက်ဆက်တွင် သတ်ပုံ၏ နေရာကို "သတ်ပုံမှား၍ ရေးထားသောစာကို စာပျက်ဟု ဆိုတတ်ကြသည်။ ထိုစာမျိုး ရေးသားသူကိုလည်း လူညံ့ဟု သတ်မှတ်ကြသည်။ ရှေးခေတ်က သတ်ပုံမှားလျှင် တရားတပေါင် ဖြစ်ခဲ့မှုကို ကုန်းဘောင်ခေတ်စာဆို ရန္တမိတ်ကျော်ထင် ပြုစုခဲ့သော "ရေစကြိုခုံတော်ဖြတ်ထုံး" အချို့၌ အထင်အရှား မှတ်တမ်းတင်ခဲ့သည်။ ထို့ကြောင့်ပင် သတ်ပုံမှားလျှင် တရားဖြစ်သည်" ဟူသော ဆိုရိုးစကားပင် ရှိခဲ့သည်။

မြန်မာ ပညာရှင်ကြီးများ၏ အဆိုအမိန့်အရ မြန်မာသတ်ပုံ၏ အခြေခံသည် "အပင့်နှင့် အရစ်၊ တ-သတ်နှင့် ပ-သတ်၊ န-သတ်နှင့် မ-သတ်၊ သေးသေးတင်" ဟူသော ရေးထုံးသုံးမျိုးတွင် အခြေခံသည်။ မြန်မာစာသတ်ပုံ အရေးအသား၌ ထိုရေးနည်း သုံးမျိုးသည်။ အများဆုံး မှားယွင်းရောနှော နိုင်သည်။ ထိုရေးထုံး သုံးမျိုးကို မှားရေးမိလျှင် အနက်အဓိပ္ပာယ် ပြောင်းလဲသွားသည့်အတွက် အတိမ်းအစောင်း မခံသော ရေးထုံးများဟု အဆိုပြုခဲ့ကြသည်။ စာပေ ရေးသားရာတွင် သတ်ပုံသည် စာပေ၏ အထိန်းအကွပ် ဖြစ်သည်။ စာရေးသားရာတွင် သတ်ပုံသည် အရေးကြီးသော ကဏ္ဍတစ်ရပ်သာ ဖြစ်သောကြောင့် အထိန်းအကွပ် သဘောမျိုးသာ သတ်မှတ်လက်ခံ အသုံးပြုသင့်သည်ဟူ၍ မျက်မှောက်ခေတ် စာပေပညာရှင်များက မိန့်ဆိုလမ်းညွှန်ခဲ့သည်။

ရှေးမြန်မာမင်းများ လက်ထက်တွင် သတ်ပုံနေရာ သတ်မှတ်မှုကို "ညောင်ရမ်းခေတ် သာလွန်မင်း လက်ထက်၌ မြို့ဝန်ကို "နသတ်" ဖြင့်မရေး "သေးသေးတင်" ဖြင့် ရေးသားခဲ့သောကြောင့် "မြို့ဝန်" မဟုတ်ပြီ တောထဲမှ "၀ံ" ဖြစ်သည်ဟု စာကိုပစ်လိုက် ဖူးချေသည်။ စာရေးကိုလည်း မောင်းထုတ်တော် မူခဲ့ဖူးချေသည်" ဟူ၍လည်းကောင်း။

ကုန်းဘောင်ခေတ် ဘကြီးတော် (စစ်ကိုင်းမင်း) လက်ထက်တွင်လည်း လွှတ်တော်စာရေးသည် ရွှေကြက်ယက်သို့ သစ်ရောက်သည်ကို စာပေးရာ၌ "ရွှေကြက်ယက်" ကို "ရွှေကျက်ယက်" ဟု သတ်ပုံမှားရေးသား ခဲ့သောကြောင့် သစ်ပိုင်ရှင် ပညာရှိက လွှတ်တော်က စာမဟုတ်၊ စာလုပ်သာ ဖြစ်သည်ဟု ပြောဆို၍ အတင်းအမာနေလျှင် လွှတ်တော်ဝန်က စာရေးအား ရာဇ၀တ်ခံစေ၍ သစ်ရှင်ပညာရှိအား စကားမလွင့်အောင် လက်ဆောင်ဖြင့် ငွေပေးရဖူးလေ၏" ဟူ၍ လည်းကောင်း။
ကိုယ်စွမ်းကိုယ်စလည်းပါ၊ အရေးအသား အတင်အပြလည်း ပြေပြစ်သော စာမျိုးကို သတ်ပုံအမှား များကာမျှဖြင့် စာညံ့ဟု မဆိုသင့်ပါ။ စာရေးသားမှုတွင် သတ်ပုံထက် ပို၍ အလေးပေးသင့်သော၊ ပို၍ ရှေ့တန်းတင်သင့်သော အရည်အသွေးများ ရှိနေပါသည် . . . . .

ကုန်းဘောင်ခေတ်စာဆို စာတော်ပြန် ဆရာကြီး ဦးပညာ၏ သားရွှေဥ ဆုံးမစာတွင် မြန်မာစာပေတွင် သတ်ပုံ၏ နေရာသည် အရေးပါပုံကို "မြို့ဝန်စာဟု ရေးရာမှာလျှင် သေးသေးတင်၍ အထင်အရှား မှားတောင်းမှားသော် မင်းများမိန့်ဟန်၊ ငါ့မြို့ဝန်သည်၊ တိရစ္ဆာန်ညစ်၊ တောဝံဖြစ်ပြီး သစ်သီးရှာဖွေ စားပစေဟု၊ ရွှေပြည်မှလျှင် တောသို့နှင်စေ" ဟူ၍ လည်းကောင်း။

"ရွှေကြက်ယက်ကို၊ ပင့်လျက်ဤမှာ ယခုပါခဲ့ လွှတ်စာမပီ၊ အင်မညီဟု မထီစိတ်၌ ပစ်လွှင့်လိုက်သော်၊ ခိုက်ခိုက်တုန်မျှ မျက်မာန်ထလျက်" ဟူ၍လည်းကောင်း။

သတ်ပုံမှားခဲ့လျှင် လက်ဖြတ်ခံခဲ့ရသည်အထိ ပြစ်ဒဏ်ပေးခဲ့ မှုကိုလည်း "စာရေးစာမှတ် လူမတတ်ကို လက်ဖြတ်မင်းဒဏ် စီရင်ဖန်၏" ဟူ၍လည်းကောင်း မှတ်တမ်းတင် ရေးဖွဲ့ခဲ့သည်။

မြန်မာစာပေ သမိုင်းကြောင်း၏ ခေတ်အဆက်ဆက်၌ ရေးထုံးသတ်ပုံနှင့် ပတ်သက်၍ ကျမ်းအမျိုးမျိုးကို ပြုစုရေးသားခဲ့ရာတွင် ပြုစုသူ ပုဂ္ဂိုလ်တို့၏ အယူအဆ အကိုးအကားအရ သတ်ပုံကျမ်း တစ်စောင်နှင့် တစ်စောင်သည် အပင့်နှင့်အရစ်၊ တ-သတ်နှင့် ပ- သတ်၊ န-သတ်နှင့် မ-သတ်၊ သေးသေးတင်တို့၌ မူကွဲများ ရှိခဲ့ကြသည်။ မြန်မာ့စာပေ သမိုင်းတွင် ပေါ်ပေါက်ခဲ့သော သတ်ပုံ၏ မူကွဲအခက်အခဲ ပြဿနာကို မျက်မှောက်ခေတ် သတ်ပုံပညာရှင်ကြီး များ၏ ဦးဆောင်ပုဂ္ဂိုလ်ကြီး တစ်ဦးဖြစ်သော ဆရာမင်းသုဝဏ် (ဦးဝန်)က "မြန်မာစာတွင် သတ်ပုံနှင့် အပင့်အရစ်သည် အခက်ကြီး တစ်ရပ်ဖြစ်သည်။ ဤအခက်ကို လွယ်ကူစေလိုသော စေတနာဖြင့် အင်းဝခေတ် ရှင်မဟာရဋ္ဌသာရ အမှူးပြုသော စာဆိုတို့သည် ပျို့လင်္ကာ၊ မော်ကွန်းရတု၊ ဧချင်း၊ အန်ချင်း၊ လူးတား စသည်တို့တွင် ကာရန်ထောက်၍ စပ်ဆိုခဲ့ကြသည်။ အပင့်အရစ်ကိုလည်း ခွဲထားပြု၍ စီကုံးခဲ့သည်။ ထိုပျို့လင်္ကာ စပ်ထုံးများကို ထုတ်နုတ်ကာ နှောင်းဆရာများက သတ်ပုံကျမ်း၊ သတ်ပုံညွှန်းကျမ်း ခွဲထားကျမ်းများကို ပြုစုခဲ့ကြသည်" ဟူ၍ မိန့်ဆိုခဲ့သည်။

မြန်မာစာပေ လောက၏ မျက်မှောက်ခေတ်ပြိုင် စာပေလောကတွင် သတ်ပုံ၏ နေရာနှင့် ပတ်သက်၍ ဆရာမောင်ခင်မင် (ဓနုဖြူ)၏ မြန်မာစာပေနှင့် သတ်ပုံ၏ နေရာလမ်းညွှန်ချက်၊ မိန့်ဆိုမှုသည် ယနေ့ မြန်မာစာပေ လောကသားများအတွက် သတ်ပုံနေရာနှင့် ပတ်သက်၍ ခေတ်သစ်၏ မြန်မာသတ်ပုံဆိုင်ရာ အတွေးအမြင် လမ်းညွှန်ချက်ကို မြန်မာစာပေ မီးမောင်းထိုးပြလျက် ရှိနေပေသည်။

စာရေးရာတွင် သတ်ပုံအရေးကြီး ပါသည်။ သတ်ပုံသည် စာပေ၏ အထိန်းအကွပ် ဆိုသည်မှာလည်း မှန်ပါသည်။ သို့သော် အလွန်စည်းကမ်းကြီးသော အတိမ်းအစောင်း မခံသော၊ အထိန်းအကွပ်မျိုး မဟုတ်။ အခြေအနေကို လိုက်၍ သင့်သလို ဆက်ဆံထိန်းကွပ်တတ်သော အလွန်သဘောကောင်းသော အထိန်းအကွပ်မျိုး ဖြစ်သည်ဟု ဆိုချင်ပါသည်။

သို့ပေမဲ့ သတ်ပုံနှင့် ဆက်ဆံနေသော သူအချို့က သတ်ပုံကို အလွန်ကြောက်စရာကောင်းသော အထိန်းအကွပ်ကြီးအဖြစ် သတ်မှတ်နေကြသည်။

စာပေသင်ကြား ပို့ချမှုအပိုင်းနှင့် ပတ်သက်၍ စာပေကိစ္စတွင် သတ်ပုံတစ်ခုတည်းသာ ပါဝင်သည် မဟုတ်ပါ။ စာပေသင်ကြား ပို့ချမှုတွင် သတ်ပုံတစ်ခုတည်းကိုသာ အားပြုနေ၍ မဖြစ်ပါ။ ကျောင်းသားများ သတ်ပုံမှန်မှန် ရေးနိုင်စေရန် သင့်လျော်သော လမ်းညွှန်ပြသမှုမျိုး ပြုလုပ်ရမည်မှာ မှန်ပါသည်။ သို့သော် သတ်ပုံကို ရှေ့တန်းတင်ကာ အချိန်ရှိသရွေ့ သတ်ပုံကို အာရုံပြုနေလျှင် သတ်ပုံမှအပ ဖြစ်သော အခြားကိစ္စများတွင် လစ်ဟင်းသွားတတ် ပါသည်။ သဒ္ဒါ အသုံးအနှုန်း မှန်ကန်မှု၊ ရှင်းလင်းပြတ်သားစွာ ရေးသားနိုင်မှု၊ ကျစ်လျစ်သိပ်သည်းစွာ ရေးသားနိုင်မှု၊ အသက်ဝင် လှုပ်ရှားအောင် ရေးသားနိုင်မှု၊ တင်ပြလိုသော အကြောင်းအရာကို စည်းလုံးပြေပြစ်စွာ တင်ပြနိုင်မှု၊ ကိုယ်စွမ်းကိုယ်စ၊ ကိုယ်ပိုင် အတွေးအခေါ်၊ အယူအဆများကို ထုတ်ဖော်နိုင်မှု စသည့် ကိစ္စများစွာ တို့သည်လည်း အရေးတကြီး လမ်းညွှန်ပေးသင့်သည့် ကိစ္စများပင် ဖြစ်ပါသည်။ သတ်ပုံကိုသာ အားပြုနေလွန်းလျှင် ထိုကိစ္စများ လစ်ဟင်းသွား နိုင်ပါသည်။

သတ်ပုံကို အားပြုလွန်းသူသည် သတ်ပုံကိုသာ ကြည့်၍ အကဲဖြတ်ချင် တတ်ပါသည်။ "သတ်ပုံ၊ သတ်ပုံ" ဟူသော အသံကိုပြုလျက် ကျောင်းသား၏ စာထဲတွင် သတ်ပုံအမှား ဘယ်နှလုံး ပါသည်ကို မှန်ဘီလူးနှင့် ကြည့်၍ရှာချင် တတ်ကြပါသည်။

ကိုယ်စွမ်းကိုယ်စလည်း မပါ။ အရေးအသား အတင်အပြလည်း မပြေပြစ်သော စာမျိုးကို သတ်ပုံအမှား နည်းကာမျှနှင့် စာကောင်းဟု မဆိုသင့်ပါ။ ကိုယ်စွမ်းကိုယ်စလည်းပါ၊ အရေးအသား အတင်အပြလည်း ပြေပြစ်သော စာမျိုးကို သတ်ပုံအမှား များကာမျှဖြင့် စာညံ့ဟု မဆိုသင့်ပါ။ စာရေးသားမှုတွင် သတ်ပုံထက် ပို၍ အလေးပေးသင့်သော၊ ပို၍ ရှေ့တန်းတင်သင့်သော အရည်အသွေးများ ရှိနေပါသည်။ စာပေနှင့် ပတ်သက်သော နေရာတိုင်းတွင် ထို့အတူ သဘောထား သင့်သည်ဟု ထင်ပါသည်။


 မျှဝေမှု.........။

( ( မျက်လှည့် ) )

တစ်ခါလိမ်ခံရရင် လိမ်တဲ့သူ အပြစ်
နှစ်ခါလိမ်ခံရရင်  လိမ်ခံရသူ   အပြစ်
အခါခါလိမ်ခံရရင် ဘယ်သူအပြစ်လည်း ? .......
လိမ်မှန်းသိသိရက်နဲ့
ရပ်ကြည့်/ လက်ခုပ်တောင် တီးပေးလိုက်တဲ့
မျက်လှည့်ပွဲ ........
ခင်ဗျာတို့ ဘယ်အချိန်ထိ စီးမျှောနေမှာလည်း?
 ။ ................................................. ။
အပြောနဲ့ မညီတဲ့ တင်ဆက်မှု
ပြသမလိုလိုနဲ့ လေလုံးနဲ့ပဲ အဆုံးသက်
အလဲ့.....
ပီယဆေးတောင် ၀ယ်လိုက်သေး
။ .................................................... ။
သူ ကချင်လို့ သူထောင်
ပညာရှိသရောင်ရောင်နဲ့
တစ်ခုပြီး တစ်ခု
တင်ဆက်ပြသနေတဲ့ လှည့်ကွက်တွေအောက်
ခင်ဗျာတို့ လည်စင်းပေးမလို့လား?......
ခင်ဗျာ ဦးဏှောက်တွေဟာ
ပုဇွန် ဦးဏှောက်တော့ မဟုတ်လောက်ပါဘူး? .........
။ ..................................................... ။
ခေါက်ရိုးကြေနေတဲ့ ပြကွက်
သို့မဟုတ်
ငေးငိုင်သွားစေမယ့် ပြကွက်တွေ
ရှုထောင့်အမျိုးမျိုးနဲ့ သုံးသက်ပါ
ဒါမှ ..... ခေါ်ဆောင်ရာ စီးမြှော/သက်ဆင်းသွားမယ်ဆိုရင်တော့
သေမင်း ရဲ့ ခံတွင်းဝက ဆီးကြိုနေတယ် ...............။



* ဆူးလွင့်နွေ *

( ( အွန်လိုင်းအထာ ) )

" tayar;  ဟိုင်း မင်္ဂလာပါနော် "
" pundar; ဟုတ် မင်္ဂလာပါရှင့် "
" tayar;  ဘယ်ကလည်းဗျ "
" pundar;  ရန်ကုန် "
" tayar; အော် ရုန်းကန်ရတဲ့ ရန်ကုန် ကပေါ့၊ "
" pundar;  ရှင်
အော် ဟုတ်တယ်
 ယူကရော ဘယ်ကလည်း "
" tayar; ကျွန်တော် မန်းလေးကပါ "
" pundar;  ကျောင်းရောပြီးပြီလား "
" tayar; ကျွန်တော် ကျောင်းမနေဘူးဗျ "
 ။ ...................................................................................။
ဒီလိုပါပဲ ကျွန်တော် ကျောင်းသားမဟုတ်ဘူးလို့ ပြောလိုက်တိုင်း ကျွန်တော် အကျူဇယားတစ်ခန်းရပ်ခဲ့ရတယ်။
ကျွန်တော်အွန်လိုင်းစသုံးခါစက gtalk ကောင်မလေးတော်တော်များများဟာ ကျောင်းသားမဟုတ်ရင် သိပ်စကားမပြောချင်ကြဘူး ။   ။
အဲ့ အချိန်တွေဆို "  သြော် .....  သူတို့ က ပညာမတတ်ရင် လူရာမသွင်းချင်ကြတာပါလားဆိုတဲ့ အတွေးတွေနဲ့ ပညာမသင်ခဲ့ရတဲ့ ကိုယ့်ဘ၀ ကို စိတ်နာမိတယ် ။ ။
ဒါပေမဲ့ အွန်လိုင်းကိုတော့ စိတ်မနာပါဘူး ဆက်သုံး ဆက်ဖြုန်းတယ်။  ကိုယ် က ဟိုင်း  ဆိုတာ သူဘက်က ပြန် ဟိုင်းခဲ့ရင် ကျွန်တော် မှာ ထကခုန်ချင်စိတ်တွေဖြစ်လာတယ်
gtalk  ရူးသွပ်ခြင်းကအစ အဲ့ဒီ ဟိုင်း က ဆိုသလို ကျွန်တော် gtalk တော့ ရူးသွပ်သွားခဲ့တယ် ။    ။
နေ့တိုင်း လိုင်းပေါ်တတ် gtalk မှာပဲ အချိန်တွေဖြုန်း အင်တာနတ်သုံးတတ်တယ်ဆိုပြီ သွေးတွေက နထင်ဆောင့်တတ် ကိုယ့်ကိုကိုယ် အဟုတ်ထင်နေခဲ့တယ် ။     ။
တနေ့ . ...
သူငယ်ချင်းတစ်ယောက်ခေါ်တာနဲ့  သုံးနေကြအင်တာနတ်ဆိုင်မသုံးပဲ တခြားဆိုင် ( ယခုလက်ရှိသုံးနေသော ဆိုင် ) ကို ပြောင်းသုံးလာခဲ့တယ် ။     ။
ဆိုင်ထဲဝင်လိုက်တော့ ကျွန်တော်အကြည့်က အင်တာနတ်သုံးနေသော လူတစ်ယောက်ဆီ အကြည့်ကရောက်သွားတယ်။ 
အဲ့လူက  gtalk နဲ့  facebook သုံးနေတာ အသက်က ၅၀ ကျော်လောက်ရှိတယ်။
ကောင်မလေးတွေနဲ့ အကျူဇယားခင်းနေတာ စာရိုက်တာတောင် လက်ညိုးတစ်ချောင်းတည်းနဲ့ တစ်လုံးချင်းရိုက်နေတာ  သူက ရိုက်လိုက် ဟိုက ပြန်ရိုက်လို့ သဘောကျပြီ ရယ်လိုက်နဲ့
ဟုတ်နေတာပဲ၊ သေခါးနိး ရိက္ခာယူနေတယ်ဆိုတာ ဒါမျိုးပေါ့ ။    ။
ဒါနဲ့ ကျွန်တော် လည်း သူငယ်ချင်း မေးငေါ့ပြတော့ .......
"  အင်း . .....အဲ့ဒါ အွန်လိုင်းအထာပဲ  "
" ဘာလည်းဟ အွန်လိုင်းအထာ  "
"  တစ်ယောက် နဲ့ တစ်ယောက် မမြင်ရတော့ လိမ်နေကြတာလေ   "
အဲ့ကတည်းက ကျွန်တော် gtalk မှာ ရူးသွပ်ခြင်းတွေ ကျွတ်သွားတော့တယ်။
gtalk ကို လုံးဝ ကြောက်ဆုံးသွားသောနေ့သောနေ့လေးတနေ့။  ။
သူက တောင်ကြီး က ကျွန်တော် နဲ့ အရမ်းခင်တာ အဲ့နေ့က ..
" welco ; အကို ပျင်းတယ်ဗျာ vzo ခက်ရအောင် "
" tayar ; အေး ချကွာ
ငါလည်း ပျင်းနေတာဟ "
ဒီလိုနဲ့ ကျွန်တော် တို့နှစ်ယောက် vzo  ချက်ခဲ့ကြတယ် ။
"  tayar ; ညီ       "
"welco ;   ဗျာ အကို      "
"  tayar ; မင်းရုပ်က ကောင်းမလေး နဲ့ တူတယ်နော်      "
"  welco ; ဟီး 
 အကို ကလည်း မိန်းကလေး နဲ့  တူမှာပေါ့ 
ကျွန်တော် က မိန်းကလေးပဲကိုဟာ  "
tayar ; ဟိုက်
အတည်းလား
"  welco ;  အင်း
ဆော်ရီးနော် အကို "
" tayar ; ရပါတယ် "
ဒီလိုနဲ့ ကျွန်တော် gtalk မျာ ခြေရာဖျောက်ခဲ့ စာပေထဲကို ယောင်တောင်တောင် နဲ့ ရောက်လာခဲ့တယ်။


  * ဆူးလွင့်နွေ *

နေရစ်တော့ နှစ်ဟောင်း ဆီ

တရွေ့ရွေ့ နဲ့ ချီတတ်လာတဲ့ အချိန်တွေက တတိတိ နဲ့ ရက် လ တွေ ကို တိုက်စားလာလိုက်တာ နှစ် တစ်နှစ် ကုန်ဆုံးဖို့ ခပ်ပါးပါးလေးသာ ကျန်တော့သည်။ တဖြူးဖြူး နဲ့ တိုက်ခတ်လိုက်တဲ့ လေပြေညှင်း တွေကြောင့် တစ်ခါ တစ်ရံ ရင်ထဲ မှာ အေးမြနေပေမဲ့လည်း မန္တလေး တစ်မြို့လုံး ကို ကြီးစိုးနေတဲ့ နေမင်း ရဲ့ အပူချိန် ကို ကြာကြာ အန်မတုနိုင်တော့ လေပြေညှင်း တွေ ငြိမ်သက်နေရပြီ။
အငြိုးတကြီး နဲ့ ပစ်ခွင်းနေသလား အောက်မေ့ရတဲ့ နေမင်း ရဲ့ ရောင်ခြည် တွေအောက် နေရာမရဖြစ်နေတဲ့ လူတွေ ၊ ကျွန်တော့် မှာလည်း အိမ်ရှေ့က တမာပင်အောက်မှာ ဂစ်တာလေးတီးခေါက်ကြည့်ရင်း သီချင်းလေး တစ်ပုဒ် နဲ့ စီးမျှောလွင့်ပါနေသည်။
ထိုစဉ့့်
ရုက်တရက် တိုက်ခတ်လိုက်တဲ့ လေပြေညှင်း တွေကြားမှာ ငြိမ့်ညောင်းညင်သာစွာကပ်ပါလာတဲ့ သီချင်းလေး တစ်ပုဒ်က ကျွန်တော် နားထဲကို တိုးဝင်လာ၏။
"သြော့့် သင်္ကြန်တောင် ရောက်တော့မှာပါလား "
ဂစ်တာလေး အောက်ချပြီး ကျွန်တော် ခေါင်းလေးတင်ကာ လှဲချလိုက်တော့ ရွှေရောင်ရည်တွေ ပက်ဖျန်းထားသကဲ့သို့ ဝင်းဝါထိန်နေတဲ့ တမာရွက်ခြောက်တွေကြား မှာ ရွက်သစ်လေးတွေတောင် အဖူးအပွင့်လေးတွေ နဲ့ ဝေဆာနေပြီ။

" အင့်း့ ဘာလိုလို နဲ့ ငါ အိမ် က ထွက်လာတာ နှစ်တစ်ဝက်လောက်တောင်ရှိပြီပဲ၊ အဖေ နဲ့ အမေ နေများကောင်းကြရဲ့လား မသိဘူး အရင်လို ရန်တွေများ ခဏခဏဖြစ်နေကြရော့သလား ၊ "
" ဟူး .........။"
တစ်ချက်တစ်ချက် မှုတ်ထုတ်လိုက် တဲ့ ကျွန်တော် ရဲ့ သက်ပြင်းတွေကြောင့် ကမ္ဘာကြီးတောင် အပူလှိုင်းခတ်သွားသလားထင်ရတယ်၊
တိမ်တွေ နဲ့ အတူ လေနှင်ရာ မျောလွင့်နေတဲ့ ကျွန်တော့် အတွေးတွေက အတိတ် ရဲ့ စာမျက်နာ တစ်ချို့တစ်ဝက်ကို လိုက်လှန်ဖတ်ကြ      
                            ။  .....................................................................................................................................   ။



ထက်ကောင်းကင်ယံက ငွေမှုန်မြူနှင်း တွေ ပက်ဖျန်းနေလို့ မန္တလေးတစ်မြို့လုံး ဆီးနှင်းတွေ ဖုံးလွမ်းလို့နေတဲ့ ဟေမန်ဆောင်းရဲ့ နံနက်ခင်းလေး မှာ့

" ဝုန်း "      " ဒိုင်း "    " ခွမ်း "  "  ချွမ်း  "
ဆူညံပွတ်လောရိုက်သွားသော အသံတွေက အိပ်စက်နေသော ကျွန်တော့်နားထဲသို့ ဆောင့်ဝင်လာ၏။
ကိုယ်ပေါ်ကစောင်ကို ဟ၍ အိမ်ရှေ့နားစွင့်လိုက်တော့ ထုံးစံအတိုင်း  အဖေ နဲ့ အမေ ရန်ဖြစ်နေကြပြီ။

ဆက်အိပ်လို့ မရတော့မှန်းသိသဖြင့် ကျွန်တော် အိမ်ရှေ့ထွတ်လာခဲ့သည်။
" ဟော သူဌေး နိုးလာပြီလား "
 အဖေ ရဲ့ ခနဲ့သံကို ဥပေက္ခာပြုရင့်း
 " အမေကျွန်တော် အပြင်သွားအုံးမယ် "
"  သြော့့်  အေး အေး   သား....."
အမေ့ပြောပြီး သွားမလို့ခြေလှမ်းဟန်ပြင်လိုက်တော့ အဖေက.......

 " တနေ့တနေ့ အလုပ်မရှိ အကိုင်မရှိ ဟိုယားယား ဒီယားယား နဲ့ မိဘလုပ်စာ ထိုင်စားနေတယ်၊ မင်း အလုပ်လေးဘာလေး လုပ်ဖို့လည်းစဉ်းစားဦး . "
 "   ရှင် ကျွန်မသား ကို ပြဿနာမရှာပါနဲ့  သူဘာသာ အလုပ်မလုပ်သေးတာဘာဖြစ်လည်း......... "
  " ဟ လူပါဆို အလုပ်တော့ လုပ်ရမှာပေါ့၊... "     ဒီ အရွယ်မှမလုပ်ရင် ဘယ်အရွယ်လုပ်မှာလည်း "

ဆက်ရပ်နေရင် ကျွန်တော့်အတွက်နဲ့ ပြဿနာက ထပ်မံကြီးထွားလာတော့မည်မို့  ကျွန်တော် အဖေနဲ့ အမေ ရှေ့က ထွတ်ခွာလာခဲ့သည်။

အရင်လို မဟုတ်တော့တဲ့ အဖေ နဲ့ အမေ ဘာမဟုတ်တဲ့
ကိစ္စသေးသေးလေးတွေက အစ အတ္တတွေကိုင် မာနချင်းပြိုင်နေကြတယ် ၊ ငြိမ်းချမ်းမှုတွေ ဘယ်တော့မှ ရကြမှာလည်း အဖေ နဲ့ အမေ ရယ် .......။

အတွေးတွေနဲ့ လှော်ခတ်လာရင်း လမ်းထိပ်နားက  လ္ဘက်ရည်ဆိုင်ရောက်တော့  ...........။
" ဟေ့ကောင်  တာယာ ..........."  မင်းလာမယ်ထင်လို့   ငါ စောင့်နေတာကြာပြီ၊ မင်း မျက်နှာလည်းမှန်ထဲ ပြန်ကြည့်ဦး ကျက်သရေမရှိတာကွာ၊ ဘာလဲ ...  မင်း အဖေ နဲ့ အမေ ရန်ဖြစ်ကြပြန်ပြီလား  "
 " အေးကွာ့ ခုရက်ပိုင်း အဖေ နဲ့ အမေ ဘာဖြစ်နေလည်း မသိဘူး ၊ ရန် ခဏခဏဖြစ်နေကြတယ်  "
" ' ဒီလိုပါပဲကွာ ၊ စီးပွားရေးမပြေလည်ရင် အိမ်ထောင်ရေးမှာ ပဋိပက္ခ ဆိုတာ ရှိစမြဲပါ ၊ ဖြစ်တတ်ပါတယ်ကွာ၊ အေးဆေး....  နောက်ကြ သူ ဘာသာ ပြန်ပြေလည်သွားကြလိမ့်မယ်၊   "
ဒီလို နဲ့ ကျွန်တော်နဲ့ ရဲရင့် ကြား တိတ်ဆိတ်ငြိမ်သက်လို့သွားသည်။



တစ်နေ့တော့
အပြင်သွားမလို့ ကျွန်တော် ရေချိုးပြီး၊ အိမ်ပေါ်တတ်လာတော့ အဖေ က.........
 " မင်း ဘယ်သွားမလို့လဲ "
" မြို့ထဲ သူငယ်ချင်း တွေဆီ သွားလည်မလို့   "
 "  အေး ကောင်းတယ်၊ မင်း ပဲ ဇိမ်ကျတယ်၊ မိဘ တွေကတော့ နွားလိုရုန်းနေရတယ်၊ မင်း ကတော့  အေးအေးဆေးဆေးပဲ "
အဖေ ရှေ့က အလျင်အမြန်ထွက်ခွာလာခဲ့သည်။  အဖေ့ စကားတွေကြောင့်
စိတ်ညစ်ညစ် နဲ့ အိမ်က ထွက်လာတဲ့  ကျွန်တော့် ခြေလှမ်းတွေ့ ခြေဦးတည်ရာ လျှောက်သွားရင်း၊
 
"  တာယာ ဘယ်လဲ ..... "
" အရက်ဆိုင်  မင်းရော ဘယ်လဲဟ... ၊ အထုပ်အပိုး တွေနဲ့ "
ရဲရင့် တာယာ့ကို ကြည့်ရင်း  အခြေအနေကို နားလည်သွား၏၊
  " ငါ ရန်ကုန် လစ်မလို့၊   မင်း လိုက်ခဲ့လေ စိတ်ပြေ လက်ပျောက် နှစ်ရက် သုံးရက်ပဲ နေမှာ  "
ကျွန်တော် စဉ်းစား မနေတော့ပဲ   ရဲရင့် နဲ့ ရန်ကုန် လိုက်သွားသည်။
ရန်ကုန် ရောက်တော့လည်း ဘယ်မှမသွားပဲ  အိမ်တွင်းပဲ အောင်းနေသည်။   နှစ်ရက်လောက် နေပြီး၊ ကျွန်တော်နဲ့ ရဲရင့်  မန္တလေးပြန်လာကြ၏၊
မန္တလေး ရောက်တော့လည်း ကျွန်တော် အိမ်မပြန်ပဲ ရဲရင့် အိမ်နေရင်း ဘီယာဆိုင်တစ်ဆိုင်တွင် ၀ိတ်တာ ၀င်လုပ်နေသည်။
 "    တာယာ ...........  တာယာ .......... အိပ်နေတာလည်း လေးနာရီထိုးတော့မယ်ဟ ၊ ရေချိုးပြီး၊ အလုပ်သွားတော့လေ "
"   အေး  .......   အေး    "
 ကျွန်တော် ဂစ်တာလေးကောက်ကာ  ရဲရင့် ပေးပြီး ရေချိုးကန် ဘက်သို့ လှမ်းလို့လာခဲ့သည်။
     ။....................................................................................................................................................... ။
သင်္ကြန်ရက် နီးကပ်လာတာနဲ့ အမျှ  သင်္ကြန်သီချင်း နဲ့ ဆိုင်ကယ် အိတ်ဇောပွင့်သံတွေက မန္တလေးမြို့ ကို ကြီးစိုးထားသည်။
 နွေဦးအစပေမို့လည်း လေရူးတွေ တစ်ချက်တစ်ချက်ထထဖောက်၏၊ မနိုင်ဝင်ထမ်းထားရသည့် သစ်အိုပင်ကလည်း ရွက်ခြောက်တွေ ကို ခါရမ်းလို့နေသည်။
သင်္ကြန် မှာ ရွှေဝါရောင်တွေဖျန်းပက်မဲ့ ပိတောက်ဖူး တွေက မိုး ကိုမျှော်နေကြသလို ၊ လူငယ်(ကြီး)တွေကလည်း သင်္ကြန် မှာ ဆင်နွဲဖို့ ပြင်ဆင်စောင့်မျှော်နေကြသည်။
" တာယာ  မင်း အိမ်မပြန်တော့ဘူးလား "
" ပြန်မှာပေါ့ ရဲရင့် ရာ  ခုတော့ မပြန်သေးဘူး၊ ဘာလို့လည်း "
" ဘာမှ မဟုတ်ပါဘူးကွာ မင် အမေ က  မင်း ကို အရမ်းချစ်တာလေ၊  ခုဆို မင်း အမေ တော်တော်လေး ခံစားနေရမှာဟ၊ "
ရဲရင့် ပြောမှ ကျွန်တော် အမေ့ ကို  ပိုလွမ်းလာပြီ၊
  "  အေးပါကွာ ငါပြန်မှာပါ၊ လောလောဆယ်တော့ ငါ မပြန်ချင်သေးဘူး "
ရဲရင့် ဘာမှမပြောတော့ပဲ ကျွန်တော် အနား က ထွက်ခွာသွားသည်။
ဒီလိုနဲ့ သင်္ကြန်တွင်း ကို ရောက်လာခဲ့ပြီ၊
သင်္ကြန်အကြိုနေ့ ကစပြီး အိမ်တွင်းအောင်းနေတဲ့   ကျွန်တော် ဒီနေ့ သင်္ကြန်နောက်ဆုံးနေ့မို့  ရဲရင့်  နဲ့   ကျူံးဘေးလျှောက်လည်ကြသည်။
သင်္ကြန်နောက်ဆုံးနေ့မို့ နေရာတိုင်း ရှုပ်ရှက်ခတ်နေသည်။
မဏ္ဍပ်တွေ လိုက်လံကြည့်ရှုရင်း ရဲရင့် က မဏ္ဍပ်အောက် သွားပြီး  က လို့နေသည်။
ရဲရင့် ကိုစောင့်ရင်း ကျွန်တော့် မှာ
မဏ္ဍပ်ပေါ်က ပျိုမဒီလေးတွေ ကို ကြည့်ကာ သက်ပြင်းတွေ အခါခါဝေ့လာတယ်။
" ကြည့်စမ်းပါဦး"  ဒါ မြန်မာ မိန်းကလေး တွေ တဲ့ ဝတ်ထားတဲ့ အဝတ်အစားတွေက မလုံ့တလုံ နဲ့ အရှက်တရားတွေ ကင်းမဲ့နေလိုက်ကြတာ ၊  နိုင်ငံတကာ တွေက လေးစားအားကျတဲ့ မြန်မာ ယဉ်ကျေးမှု  အမွေအနှစ်တွေက ဒီလိုတွေလားတောင် မေးရမလိုပါပဲ ၊  တစ်နှစ်ထက် တစ်နှစ်  တစတစ နဲ့ မြန်မာ့ယဉ်ကျေးမှုတွေ  ပျောက်ကွယ်နေပြီ။ တစ်ချိန် က တူးပို့တေးသံတွေအောက် ကကြိုးစုံ တဲ့ ယိမ်းအကလေးတွေနေရာမှာ DJ တွေ အစားထိုး သမိုင်း ရဲ့ ယဉ်ကျေးမှု တွေကို ချောင်ထိုးထားပြီး ၊ နှစ်ဟောင်း တွေမှာ ထားရစ်ခဲ့ကြပါလား ၊   ခေတ်ရေစီးကြောင်းနောက် တဇွတ်ထိုးလိုက်ပါရင်း 21 ရာစုနှစ်ခေတ်ကိုတောင်ကျော်လွန်
သွားကြပြီ။
တစ်ယောက်တည်း အတွေးတွေ နဲ့ ရွက်လွှင့်နေတုန်း ........။

 " တာယာ  Alpine မဏ္ဍပ် လစ်ရအောင် ..... "
" အေး သွားလေ "
ကျွန်တော် တို့ နှစ်ယောက် Alpine  မဏ္ဍပ်ဆီ လျှောက်လာနေရင်း
 " တာယာ ဟိုမှာ မင်း အဖေ နဲ့ အမေ ... "
ကျွန်တော်  ရဲရင့် လက်ညိုးထိုးရာကြည့်လိုက်၏၊
အံ့သြခြင်းတွေနဲ့ မှင်သက်နေတဲ့ ကျွန်တော့် ကို  အမေ က  ပြေးလာဖက်၏ ...။
သာ့း့  သား ရယ်၊ မင်းနှယ် နေနိုင်လိုက်တာကွယ်၊  အမေ့ မှာ  နေ့တိုင်း မင်းကို သတိတွေရ စိတ်တွေပူလိုက်ရတာကွယ် ........။
တတွတ်တွတ်နဲ့ ပြောနေရင်း အမေ့ ပါးပြင်းပေါ် မှာ မျက်ရည်တွေစီးကျနေသည်။
 "   အမေ နေကောင်းတယ်နော်.......... "
  "  ကောင်းပါတယ် သား ရယ် ၊ စိတ်တော့ ဘယ်ကောင်းပါ့မလည်း ၊ သား က ဘယ်ရောက်နေမှန်းမှမသိတာ ...  အမေမှာ စိတ်ပူရတာပေါ့ ၊    "
 " ခု အမေ တို့ ဘာလာလုပ်တာလည်း .......... "
အမေ ပြုံးပြုံးလေး နဲ့  အဖေ့ ဘက်လှည့်လိုက်တော့     အဖေက................
"
" အဖေ တို့ရဲ့  အတ္တ မာန တွေ သင်္ကြန်ရေ နဲ့ လာဆေးကြာပြီး၊ နှစ်ဟောင်းမှာထားခဲ့မလို့ သား "

အဖေ့စကားကြောင့် အံသြဝမ်းသာခြင်း တွေ နဲ့ ကျွန်တော့် ပါးပြင်ပေါ် မှာ မျည်ရည်တွေ ကကြိုးဆင်ကုန်၏။

  "  သား,,,,,,,,   အဖေ တို့ မိသားစု လူသစ် စိတ်သစ် ဘဝသစ် နဲ့ နှစ်သစ်မှာ ပျော်ပျော်ရွှင်ရွှင်နေသွားကြမယ်။ "

ကျွန်တော်လိုချင်တဲ့ ပျော်ရွှင်တဲ့ မိသားစုဘဝလေး ကျွန်တော် နေရတော့မယ်။
အဲ့ဒီနောက် ကျွန်တော် တို့ မိသားစု တစ်ယောက်မျက်နာ တစ်ယောက်လိုက်ကြည့်ရင်း မဏ္ဍပ်တွေအောက်သို့ တိုးဝင်သွားပြီး၊  အညစ်အကြေး တွေကို သင်္ကြန်ရေ နဲ့ ဆေးကြောကြပြီ။
အနာဂတ် မှာ လှပလာမယ့်  အိမ်လေးဆီ သို့ ............။
 
 
*  ဆူးလွင့်နွေ *
ကိုယ်ပိုင်ဖြစ်ပါသည် ။    ။

( * ဝေး * )


 ဝေးရတော့မယ့်

ရက်တွေကို
တွေးလိုက်မိတိုင်း
ရင်ထဲမှာ အခါခါကြွေရတယ် ။      ။

ပါးနှစ်ဖက်ပေါ်မှာ
မျက်ရည်မကျပေမယ့်
ရင်တွင်းမှာ မြစ်တစ်စင်းလို
စီးဆင်းခဲ့တာ
ဘယ်သူတွေ သိနိုင်ဦးမှာလဲ ။         ။

ဝေးရမယ်ဆိုတာ
အစက သိထားမိခဲ့ရင်
အဝေးဆုံး တစ်နေရာအား
ပြေးပုန်းကာ
ရှောင်ပုန်းကာနေပါရစေတော့ ........။       ။



* ဆူးလွင့်နွေ *

( * * လမ်းပြကြယ် * * )




ရောင်နီတွေ နိုးထလာခြင်းနဲ့ အတူ
တောက်လောင်နေတဲ့ လောင်မီးတွေ
နူးညံ့သော နှလုံးသားကို ၀ါးမျိုသွားခဲ့ပြီ ။       ။

ခံစားချက်တွေ ပျောက်ဆုံး
အမှောင်ထဲမှာ ပုန်းလို့နေရင်း
တိမ်တွေနဲ့ အတူ ရွက်လွင့်နေတဲ့ ငါကို
ပက်ဝန်းကျင် သင်
စိတ်ရိုင်းတွေ ၀င်
အမှားကို အမှန်ထင်
အမှန်ကို အမှားထင်
အမြင်တွေ ပြောင်းပြန်ဖြစ်
အသိတရားတွေ ကျွတ်လွတ်ကုန်ကြပြီ ။       ။

25 . 12 . 2012 နေ့
တိတ်ဆိတ်တဲ့ ခြေလှမ်းတွေနဲ့
ဝိုးတစ်ဝါးနဲ့ ပုံရိပ်တစ်ခု
ငါ ရဲ့ ခန္ဓာကိုယ်မှာ သန္ဓေတည်လာခဲ့ရင်း
ငွေမှုံနှင်းတွေ ကြဲချနေတဲ့
ဟေမာန်ဆောင်း ရဲ့ နံနက်ခင်း
အပြစ်ကင်းတဲ့ ချစ်ခြင်းတွေနဲ့
နှလုံးသားကို အသက်သွင်း (မွေးဖွား) ပေးခဲ့
မျှော်လင့်ချက်တွေက ရှင်သန်
လမ်းမှန်ရောက်ဖို့
ဖြူစင်ခြင်းတွေနဲ့ လမ်းပြပေးခဲ့တဲ့ သူမ
ငါ့ ဘ၀ ရဲ့ လမ်းပြကြယ်လေးပေါ့ ............။        ။



* ဆူးလွင့်နွေ *

( ( နူတ်မဆက် နဲ့ ငိုချင်တယ် ) )


သွားတော့မှာလား ငါ့အနားက
နူတ်မဆက်နဲ့  ငိုချင်တယ်၊

ထားခဲ့မှာလား    နင် နဲ့ ဝေးရာ
နူတ်မဆက်နဲ့    ငိုချင်တယ်၊

ခွဲခွာရမှာ   သိပါတယ်ကွာ
နူတ်မဆက်နဲ့    ငိုချင်တယ်၊

ပြန်ဆုံတွေ့မှာ သေချာလို့ပါ
ပြုံးလျက် စောင့်လိုနေပါမယ်၊

ခဏခွဲခွာ    ဤကာလ မှာ
ပျောရွှင်ဖို့ရာ   ဆုတောင်းမှာပါ၊
ပြုံးလျက်  ငါဆီပြန်ခဲ့ပါ၊

ပြန်ဆုံမယ့်ရက်    လက်ချိုးရေတွက်
မျှော်လင့်လိုသာ    စောင့်နေမှာ
နူတ်မဆက်နဲ့    ငိုချင်တယ်။



* ဆူးလွင့်နွေ * 

(; ; ချစ်သူ သို့ .. .းး) ( ၄ )

(း အလွမ်း စစ်ပွဲး )
။...................။



အသဲပလ္လင်ထက်

" သခင် "မရှိတဲ့နေမှစ
အလွမ်းတွေ စစ်ခင်းနေလိုက်ကြတာ
အပြစ်မရှိတဲ့ နှလုံးသားလေး အထိနာခဲ့ပေါ့ ........။

မြင်လှည့်စမ်းပါ " သခင်"ရယ် .....

နွမ်းကြွေကြွေ နဲ့ အလွမ်းတွေဝေနေတဲ့
ကျွန်ုပ် နှလုံးသား
" သခင် " ပိက်လှောင်ခဲ့တဲ့
အလွမ်းလှောင်ချိုင့်ထဲမှာ
သခင်အမည်ကို မြည်တမ်းငိုကြွေးနေ၏ ..........။

* " သခင် "ပြန်လာပြီတဲ့ *

ပျော်ရွှင်ခြင်းတွေနဲ့
ကကြိုးတွေစုံလင်နေရမယ့်ချိန်
ကျွှန်ုပ် နှလုံးသား
ငိုကြွေးနေရပါလား " သခင် " ရယ် ....... ။

တစ်နယ်ဆီခြားလို့

လွမ်းရတဲ့ အလွမ်းတွေထက်
နီးလျှက်နဲ့ ဝေးနေရတဲ့ အလွမ်းတွေက
နှလုံးသားလေး ရှတတ နဲ့
ခံရခက်ပါလား " သခင် "ရယ် ........။

" သခင် " ပြန်ရောက်မယ့်နေ့မှစ၍

အလွမ်းတွေကို မောင်းထုတ်
လှပခန့်ညားတဲ့
အချစ်မြို့တော်လေး တည်ဆောက်မယ့်
ကျွန်ုပ် အိမ်မက်
သခင် ရဲ့ ဥပေက္ခာပြုတွေကြောင့်
ပြက်လွင့်ရပါပြီ " သခင် "ရယ် ...........။

" သခင် .... "

တငွေ့ငွေ့နဲ့ လောင်ကျွမ်းနေတဲ့
ကျွှန်ုပ် သောကအပူတွေ အတွက်
စိတ် အနှောက်အယှက် မဖြစ်စေရပါဘူး " သခင် "
နှလုံး ခုနှစ်စိတ်ကွဲအပ်ကြွေမွှသွားပါစေ
" သခင် " ပေးတဲ့ လွမ်းချင်း တွေကို
တယုတယနဲ့ ထွေးပွေ့ရင်း
ကျွှန်ုပ် အချစ် စစ်တပ်
ဆုတ်ခွာသွားခဲ့ပါပြီ " သခင် " ရယ် ...........။


* ဆူးလွင့်နွေ *


( ( မာယာ ) )

ေ***ချင်းရှုးတိုက်တယ်
ကိုယ့်ေ***ထိတော့ ဆက်ဆက်ခါနာ
က္ကနြေ္ဒကြီးတစ်ခွဲသားနဲ့ ရေ၀င်ပက်ဖျန်းတယ်
အများအမြင် သူတော်စင်ပေါ့........။          ။
။ ......................................... ။
မခုတ်တတ်တဲ့ ကြောင်လိုလို
မြေေ***ထက် ကောက်ကျစ်တယ်
တပ်မက်ခြင်းတွေနဲ့ ဟစ်တလာတွေ မွေး
ေ***ကျင့်ေ***ကြံ  ကြံနေပြီ.........။         ။
။ ...................................................... ။
ပုစ္ဆာတိုင်းမှာ အဖြေရှိတယ်
အဖြေမတွက် သွေးတွေထွတ်မယ်
ဟော.... ကြည့်
အဝေးရောက်ပန်းတွေ မလန်းမဆန်း
ချူတံ နဲ့ အထိုးခံနေရပြီ
မကြွေကျဖို့ ဒို့တွေအတူ ဆုတောင်းကြစို့ ......... ။        ။
။ ......................................................... ။
အသိတွေပျောက်  မာယာသံစဉ်တွေအောက်
ယောင်တောင်တောင်နဲ့ လိုက်ပါ က ခဲ့ရင်
နောက်ကြောင်းကိုပြန်ကြည့်
အဲ့ဒီထက် ဆိုးမယ် ..........။           ။




 * ဆူးလွင့်နွေ *

ချစ်သူ သို့ ........( ၃ )

ပန်းနုရောင်သန်းနေတဲ့
ဆည်းဆာကို ငါနမ်း
သောက အလွမ်းတွေက
ငါ့ ရင်ကို ၀ါးမျိုသွားခဲ့ ......။


လာစမ်းပါ သောကတောင်တန်းတွေရယ်
လသာတဲ့ ဒီညချမ်း
ငါတို့ အတူတူ ကကြတာပေါ့
ငါ မငိုဘူး
သူကို ဘယ်လောက် လွမ်းလွမ်း
အနာဂတ်တွေ လှပဖို့
ခဏတာဝေးရတာပဲ
ဒီလောက်တော့
နှလုံးသားကို စတေးရမှာပါ့ ......................။ ။

ချစ်သူ သို့ ...........( ၂ )

လမဲ့တဲ့ ညမှာ
ကောင်းကင်က တစ်ခုခုလိုနေသလို
ကြယ်မစုံတဲ့ ညမှာ
မိုးတိမ်တွေ ငိုနေခဲ့ရ
ရွာသွင်းချခဲ့တဲ့ မျက်ရည်
ကြယ်စုံလင်းခွင်ရအောင်လို့ပါ .......
သဘာဝ တရားကိုတွေးကြည့်
ချစ်ချင်းဆိုတာရှိခဲ့တော့
နှလုံးသားမှာ
မင်း ရဲ့ အကြည့်နဲ့ ငြိသွားခဲ့တယ် .......
သေခြင်းတရားမရှိတဲ့ အချစ်နဲ့ပေါ့
မင်းမရှိတော့တဲ့ ငါ့ ဘ၀ဟာ
တစ်ခုခုလိုနေသလို
ည ညမှာ ငါငိုခဲ့ရတဲ့ မျက်ရည်တွေ
မင်းကို.....(း 












Monday 17 June 2013

( ( ချစ်သူ သို့ ) )

ဒီမြို့မှာ နင်ရှိနေတယ်ဆိုတဲ့ အသိနဲ့
ဘယ်လောက်ပင်လွမ်းနေပါစေ
အလွမ်းတွေကို တယုတယ
ငါထွေးပွေးထားမယ်.........
" ငါ သွားတော့မယ်
နင်ကျန်းမာရေးဂရုစိုက်နော်
ရန်လည်းဖြစ်မနေနဲ့ "တဲ့ ....
အခု ...
တနယ်ဆီခြားနေတယ်ဆိုတဲ့ အသိက
ရင်ဘတ်တစ်ပြင်လုံး လာရိုက်ခက်တော့
အလွမ်းတွေ ပွစာကြဲ အရည်တွေပျော်ကြပြီ......။
ဟော.......ကြည့်စမ်းပါဦး ချစ်သူ
ငါ နဲ့ အတူ စိမ်းလန်းခဲ့တဲ့ သစ်ပင်တွေ
ငါနဲ့ အတူတူ သီကြူးခဲ့တဲ့ ငှက်ကလေးတွေတောင်
အရင်လို လှပချိုမြန်မှုမရှိတော့ဘူး .......။
သောက်နေကြပုံမှန်တစ်ခွက်လည်း ပေါ့ပြက်ပြက်
အရသာတွေပျက်နေလိုက်တာ
ငါ သီဆိုတဲ့ အလွမ်းသံစဉ်တွေထက်
ေ***အူသံက ပိုအစွမ်းထက်နေတယ်တဲ့
ကဲ့ .......
ငါ ဘယ်လိုလုပ်ရမလည်း ချစ်သူ
နင်မရှိရင်မဖြစ်တဲ့ ငါ ဘ၀လေးထဲ
ရောက်ရာအရပ်ကနေ ပြန်လာပါတော့နော် ............။         ။
                                                                    
တာယာဂျလေဘီ

( & & တိုက်ပွဲကြားက အလွမ်းဖီလင် & & )

မေ့မရပါဘူး .......
ကျောင်းတက်ခေါင်းလောင်းတီး
အမိမြေ ရဲ့ အလံတိုင်ရှေ့
ဟစ်ကြွေးသီဆိုခဲ့ရသော
ကမ္ဘာမကြေသီချင်းတွေနဲ့ အတူ
အခါခါကြွေခဲ့ရတဲ့ မျက်ရည်တွေ
လျှော်ရည်ပမာ စီးစင်းခဲ့တယ် .......။

ငြိမ်းချမ်းမှုကိုတပ်မက်တဲ့ အဖ
လောကကြီးကို နူတ်ဆက်သွားပြီ
အဖရဲ့ပြည်၊ အဖရဲ့မြေ
အဖပေးတဲ့ အမွေ
ထိန်းသိမ်းစောင့်ရှောက်ဖို့ တာဝန်
မိဘ၊ဆရာတွေက
နှလုံးသားမှာ ထာဝရရိုက်ထည့်ပေးထားတော့
အမိမြေကိုချစ်တဲ့ သွေး
ရင်ဘတ်ထဲမှာ ပြည့်နက်နေတယ် ..........။

" အချစ် "
အချိန်းမရွေး ရောက်ရှိလာနိုင်သော
အရာရာကိုပြောင်းလဲပေးနိုင်တဲ့
သက်မဲ့ ( ဒြပ်မဲ့ ) လက်နက်
အမှတ်တမဲ့ ပေါက်ဖွားလာပေမယ့်လည်း
တစ်ခန်းတနား အပြည့်အ၀စားသုံးခွင့်မရခဲ့ ..........။

   " စစ် "
  ငြိမ်းချမ်း
ဘာသာရေး
ဝါဒရေးရာတွေကြောင့်
အချိန်မရွေး ထထဖြစ်တဲ့ စစ်
အချစ်တွေ ထည့်ပစ်လိုက်ရတယ် .......။

    " အလွမ်း "
လွတ်လပ်ရှင်သန်ခြင်းတွေ
ဝါးမျိုသွားတဲ့ လူမှုပဋိပက္ခ
သောကအလွမ်းတွေက
လှလှပပဖူးပွင့်ကြတယ် ..........။

တာဝန်တွေ တပွေ့တပါးနဲ့
ဒေသန္တရာဆီသို့
အမြဲလိုလိုထွတ်ခွာနေရတဲ့ ငါ့အတွက်
အလွမ်းဆိုတာ ရင်းနှီးပြီးသား မိတ်ဆွေ ပါ
တစ်ခါတခါ ကျရှုံးသွားတဲ့
ငါ့ရဲ့ ရဲဘော်ရဲဘက်တွေကြည့်ပြီ
ဘယ်အချိန်ရောက်လာမလဲ မသိတဲ့
ငါ့ ရဲ့ သက်တမ်းစေ့ လက်မှတ်
စိုးရိပ်စိတ်ဒီဂရီ ဆောင့်ဆောင့်တတ်လာတယ် .........။

အမိနဲ့အဖ တမ်းတ
ချစ်သူလဲ လွမ်းရ
မေ့မရတဲ့ အတိတ်ပုံရိပ်
တစိမ့်စိမ့်ပြန်လည်တွေးရင်း
တိုက်ပွဲကြားက အလွမ်းဖီလင်
အပြည့်အ၀ ခံယူစားသုံးရင်း
" ဒိုင်း "
ဆိုင်းမဆင့် ဗုံမဆင့်
ချောင်းပစ်လိုက်တဲ့ ရန်သူကျည်ဆံ
ဘေးချော်မှန်ပေမယ့်လည်း
အလွမ်းတွေ ထိန့်လန့်ထွတ်ပြေးကုန်ပြီ .......။

အလွမ်းတွေ တစ်ခန်းရပ်ခဲ့ပါပြီ
ဝါဒတွေ ကွဲလွဲနေသမျှ
ငြိမ်းချမ်းရေးတွေရဖို့
    ငါ့
ဆက်လျက်တိုက်ပွဲဝင်ရတော့မယ် ........။



* ဆူးလွင့်နွေ *