တအုံအုံ တနွေးနွေး
အချိန်တွေ ကုန်ဆုံးခဲ့
အကုန်လုံးကို သုတ်သင်
အငုတ်ပင်မကျန်အောင်
ငါ ဘုရင်ပါဆိုပြီ
အာဏာရှင် ခရီးစတင်ခဲ့ ။ ။
8 . 8 .88 ခုနှစ် အရေး
တဖြေးဖြေးနဲ့
အနှေးတွေး ပြန်ကြည့်ရင်တောင်မှ
နွေးထွေးတုန်းရှိသေးတယ် အမေ ။ ။
မဟုတ်တာမခံ လုပ်တာကြံသမျှ
မှန်ရမယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ " မာန် "
ပုတ်တောင်မနံဘူး
အလံချူးနဲ့ အကြံဦးသူတို့ကြောင့်
ကျွန်တော်တို့ရဲ့ " မာန် " အထူးပြခဲ့။ ။
မနူးမနပ်နဲ့ သွေးသောက် တွေ
ဘေး ကိုပျောက်ခဲ့
ဒါပေမဲ့ .........
ကျွန်တော်တို့ မကြောက်ဘူး
ရှေ့ကို ဆက်လျှောက်ခဲ့တယ် အမေ။ ။
အဆောက်အဦးကို ဖျက်စိး
အပျက်အစိးကြားမှာ
တစ်ချက်မငြိးခဲ့ပါဘူး။
ကျောက်ဆူးကို ချထား
နှင်းသွားရင် ဆူးမှာပဲဆိုတာ
သိတယ် အမေ။ ။
ပရိယာယ်မပါတဲ့
လူ အခွင့်အရေးရဖို့
ကျွန်တော်တိုရဲ့ အသက်
အချိန်တွေ ကို စတေးခဲ့ကြတယ်။ ။
ကျွန်တော်တို့ အိမ်မက်
အတိမ်မနက်စေဖို့ ရေတွက်ကြည့်တော့
ပြည်သူတစ်ရပ်လုံးက
သိခဲ့ကြပြီ အမေ။ ။
ပေးဆပ်သူ ရဲ့ နှလုံးသား ဟာ
ဘယ်တော့မှ မျိုးတုန်းမသွားပါဘူး
တစ်ဘုံးဘုံးနဲ့ ရိုက်ခံရတဲ့ တင်ပါး
နာကျင်သေးလားဆိုပြီ
လှန်ကြည့်တော့
ဒဏ်ရာတွေက ရှိနေသေးတယ် အမေ။ ။
နှေးကွေးခဲ့တဲ့ ခြေလှမ်းတွေ
နွံထဲက လျှောက်လှမ်းခဲ့လို့ပါ
ပန်းတိုင်ကိုတော့
ဘယ်တော့မှမပျောက်စေရပါဘူး အမေ ရယ်။
* ၈၈ ကျောင်းသားခေါင်း အကိုကြီးများသို့ *
ကျွန်တော် ဦးလး ကဗျာလေးပါ ။ ။
ဆူးလွင့်နွေ
No comments:
Post a Comment