ကောင်းကင် က မြေပြင် ကို ငေး
လမင်း ကို မေ့း့
မညီမညာ မြေပြင်ပေါ် မှာ
ငါ တို့ ကို ငေး ကဗျာ တွေ ရေး ရေးနေတာ
ဘယ်သူလည်း တဲ့?့။
လမင်း က တွေး ခပ်အေးအေး နဲ့
ပန်းပျိုးလက် ဟု ခေါ်ပါသည်။
ကောင်းကင် က ပြန် တွေး
လမင်း က အဝေး ကို ငေး
ကြယ်ကလေး တွေ က ဆွေးလို့နေပေမယ့်
တိမ် တွေ က ရှေ့က ပြေး
လေညှင်း တွေက နောက်က လိုက်
ပျော်ပိုက်နေကြတဲ့ သူတို့ နှစ်ဦး
ဒီည့
ထူးခြားလို့နေ၏။
မချို တချို မဆိမ့် တဆိမ့်
ပုံမှန်ဆိမ့် တစ်ခွပ် အရသာခံရင်း
မဖွာချင် ဖွာချင် ဥာဏ် တစ်ထွာရှင် ကို အားကို
တစ်ရေးနိုးလာတဲ့ တေလေခွေး က
ငါ ရဲ့ နားမှာ ခြေချင်းခက်
မြင်ပြင်းကပ် စွာ နဲ့ ကန်ထုတ်
တ ၀ုတ် ၀ုတ် နဲ့ ပေါ့။
အာရုံ ကို စုစည်း
ကောင်းကင် ကို ကြည့်ပြီး၊
စကားလုံး တွေ ကို ပုံဖေါ်
ချုံပေါ် က ပုဇင်း ရင်ကွဲ
နား တွေ ကွဲမတတ် အော်ကာနေဆဲ့။
စိတ် တွေက လေ
ကဗျာ က ရေးမရ
တစ်ည့ နှစ်ည့
မကတော့ပြီ။
" ဂွ့ ကျ "
မိတ်ဆွေ တွေကို နူတ်ဆက်
ကျုပ့့် အိပ်ဆက်တော့မယ်။
" ဂွတ်နိုတ် "
ဆူးလွင့်နွေ
No comments:
Post a Comment