Sunday 18 August 2013

ရေစိုမခံတဲ့ ခေါင်း


ရေးချိုးတိုင်း သတိ
မိုးတောထဲထွက်တိုင်း သတိ
ဘာလုပ်လုပ် သတိ


ညှော်နံခံလို့ မရ
ရေစိုလဲ မခံ
နှစ်သိန်းတန်တဲ့ ဒီခေါင်း
ဆေးရုံကို ပြန်မပြေးရဖို့
သတိ ကိုဆောင်းထားခဲ့ရတယ်


အမေ ဒီနေ့ဆေးခန်းပြရမှာ
ဆေးဖိုးတောင်းတိုင်း
ညှိုးငယ်သွားတဲ့ အမေ့မျက်ဝန်း
ဘာဆိုတာမသိပေမယ့်
အမေ့ သောကတွေနဲ့ပဲ
ငါ ဆေးခန်းဘက်ထွက်ခဲ့
သောခတ်မထားတဲ့ ငါ့နားထဲ
ခပ်ကြမ်းကြမ်း မွှေနှောက်လာတဲ့ သတင်း
" ငါ့ရဲ့ ဆေးဖိုး နေ့ပြန်တိုးနဲ့တဲ့ "


မသေနိုင်တဲ့ ဝေဒနာအတွက်
မကြေနိုင်တဲ့ အကြွေး တွေ
အမေ ထမ်းပိုးခဲ့ရပြီပေါ့


သားသ္မီးရတာ နာလှပါတဲ့ အမေ
လျှောက်ချင်တဲ့ နေရာလျှောက်
သောက်ချင်တဲ့ အချိန် သောက်
ပျောက်ချင်တဲ့ အချိန် ပျောက်တတ်တဲ့ သား
နှစ်သိန်းမကတန်တဲ့ ဒီခေါင်းနဲ့
အမေ့သောကကို
ခမောက်လုပ်ဆောင်းလိုက်တဲ့ ခဏ
အသိတရားရဖို့တော့
သားကြိုးစားရဦးမှာပေါ့ အမေ ..........။                ။


                                                    ဆူးလွင့်နွေ

No comments:

Post a Comment