Friday 2 August 2013

ဝေးရပ်က သား

အမေ ရဲ့ ချွေးတစ်စက်ဟာ
သား အတွက် ရှေ့တစ်သက်မှာတော့
ဆေး တစ်ခွက်ပါ အမေ
နှောင်ကြိုးဖွဲ့ သမုဒယတွေထဲမှာ
အချည်ခိုင်ဆုံး ရစ်နွယ်ထားတာက
အမေ ဆိုတဲ့ တံတိုင်းကြိးပေါ့
တုမရတဲ့ မေတ္တာတွေနဲ့
ယုယစွာပွေ့ဖက်
သွေးစက်တို့ အနီရောင်တွေက
အဖြူရောင် အဖြစ် ဖန်ဆင်းခဲ့တာ
စီးစင်းတဲ့ အချစ်တွေကြောင့်ပါ အမေ
အမေ ရဲ့ ကျေးဇူးတရားတွေဟာ
ဂန္တ၀င်ထက်ပိုသလို
ဒဏ္ဏရီလည်းယှဉ်လို့မရ
ရာဖ၀င်တွေလည်းမမှီဘူးဆိုတာ
မြတ်ဘုရားက မှတ်သားဖို့ မိန့်ကြားခဲ့တယ်
သား သိပါတယ် အမေ
ရေထု မြေထု လေထု တွေထက်
ကြိးမားတဲ့ မေတ္တာထုတွေကြောင့်
အဆုံးမရှိတဲ့ အနန္တဂိုဏ်းဝင်
အမေ ပင်ဖြစ်ခဲ့တာပေါ့
ဦးမော့ ရှိခိုးပါတယ် အမေ
အပြစ်သဘောကို မသိခင်တုန်းက
အမေ စကားနားမထောင်ခဲ့တာတွေ
ပြန်ပြောပြိး ရိုင်းပြခဲ့တာတွေ
စိတ်မချမ်းမြေ့အောင်ပြုခဲ့တာတွေ
ခွင့်လွတ်ပေးပါ အမေ
အခုလို အမေ နဲ့
အနေဝေးတဲ့ အချိန်တွေမှာ
အမေ ကရုဏာစမ်းရေကြည်တွေက
သား ရင်ထဲပိုမိုအေးမြလို့
ဂါဝရပါ အမေ
သား ဘ၀ မှာလေ
ရွှေငွေဓန မကြွယ်ဝလို့
မာတာမိခင် ကျေးဇူးရှင်ကို
ဒိ ကဗျာတစ်ပုဒ် စာတစ်အုပ်ဖြင့်
ကန်တော့လိုက်ပရစေ အမေ
မကြာခင် အမေ ရင်ခွင်ထဲ
ခရိးနှင်ကာ အပြေးဝင်လာမဲ့
ဆွေးသမျှ နေ့ရက်တွေကြားက
ဖြေရက်ကို လက်ချိုးရေနေတဲ့
ဝေးရပ်က သား ...............။



ဆူးလွင့်နွေ

No comments:

Post a Comment