Friday 2 August 2013

အနိုင်းမဲ့သော အမေ

သေမင်း နဲ့ စစ်ခင်
ချစ်ခြင်းဇောတွေအပြည့်နဲ့
လောကကြိးထဲရောက်လာအောင်
အနိုင်တိုက် မွေးထုတ်ပေးခဲ့တာ
အဲဒါ သား တို့ ရဲ့ အမေ


အပြုံးတစ်ချက်မပြက်ပဲ
ခန္တီဝါဒ လက်တစ်စုံနဲ့
အဆုံးသတ် ပန်းတိုင်ဆိကို
လမ်းညွန့်ပြသပေးခဲ့တာ
အဲဒါ သား တို့ရဲ့ အမေ


ကြင်နာတဲ့ ရင်ငွေ့တစ်စုံနဲ့
နို့ချိုအေးတစ်စက်
တိုက်ကျွေးချော့သိပ်တိုင်းမှာ
သား အတွက် အားအင်တွေ
ပြည့်ဝစေခဲ့တာ
အဲဒါ သား တို့ရဲ့ အမေ


တုမရမေတ္တာတွေနဲ့
အနိုင်းအစမဲ့သော အမေ
အခုတော့
တောင်စွယ်နေကွယ်သွားခြင်းနဲ့ အတူ
လမင်း ရဲ့ အလင်းရောင်တွေလည်း
အမှောင်ကျလုနေပါပြီ
လောကဓံလှိုင်းဂယက်တွေကို
သင်္ခါရ အနိစ္စရှုမှတ်ရင်း
တောင်ဝှေးတစ်ချောင်းနဲ့
အံတုနေရှာတဲ့ အမေ
ဇရာရဲ့ ဖိးစီးမှုဒဏ်တွေကြောင့်
ဆံဖြူ သွားကြွေ နားတွေထိုင်း
ခါးတွေကိုင်းနဲ့×× အို အမေ ရယ်
မျက်စိတွေလည်း မှုန်နေပါရော့လား
ငယ်ရွယ်နုပျိုစဉ် အခါက
လှမ်းနိုင်ပေ လှမ်းနိုင်ပေဆိုပြီ
အမေ တွဲကူပေးခဲ့တဲ့
လူ မမယ် ကလေးတွေဟာ
အခုတော့ အမေ ရယ်
အမေ လက်တစ်စုံထဲက
တောင်ဝှေး တစ်ချောင်းလောက်တောင်
တန်ဖိုးမရှိတော့ပါလား အမေ
အမေ က အပြုံးမပြက်ပေမဲ့
ပစ္စုပ္ပန် နေ့ရက်တွေထဲ
ကာမဂုဏ် အမိုက်တောမှာပျော်
မရဏ ကို ပျက်ချော်ပြု
ကျေးဇူးတရားတွေ မျက်ကွယ်ပြုရင်း
အထုပ်ကြီး တပြင်ပြင် နဲ့
အဟုက်ကြီးထင်နေတဲ့
သား တို့တစ်တွေလေ
အဲဒါ သားတို့ အမေ ပါလို့
မဟစ်ကြွေးရဲသလို
မျက်နာလည်း မပြရဲတော့ပါဘူး
အမေ ရယ်။



     ဆူးလွင့်နွေ

No comments:

Post a Comment