
တိမ်တွေက အရိုးမရှိတော့
မတည်မြဲဘူး
လေနှင်ရာ လွင့်ရမြဲပဲ
ဆောင်းရာသီ ဆိုလည်း
သစ်ရွက်ပေါ်တင်နေတဲ့ နှင်းစက်လေးလို
ဘာ တစ်ခုမှမရေးဖြစ်တဲ့ စာရွက်လွတ်တွေပေါ်
အထီးကျန်ခြင်း က နေရာအနှံ့
လက်ပွေရာတွေနဲ့
တံခါးမရှိ ဓါးမရှိ နှလုံးသား စည်းရိုးမှာ
အကြည့်တွေက အစ မကျွတ်မလွတ်စောင့်နေမိတယ်
ညနေထက်ကို စောတဲ့ အမှောင်ကမ္ဘာ
မင်းရဲ့ အကြည့်လောက်တောင် မလင်းတဲ့
ရောင်စုံ မီးတွေအောက်
အဝေးကြီးရောက်အောင် ငါ ကို
ဘာဖြစ်လို့ လွင့်မပြစ်တာလဲ
အာာာ.. လင်း ရယ်........... ။ ။
ဆူးလွင့်နွေ
No comments:
Post a Comment