Sunday 18 August 2013

အထိးကျန်နေ့ရက်တို့


တနေ့ တနေ့

သောက်လိုက်ရတဲ့ ဆေး

မနက် သောက်

နေ့ သောက်

ည သောက်

လူမမာတစ်ယောက်လို နေနေရတာ

ငြိးငွေ့ပြီ .............။



လေချဉ်တတ်တိုင်း ခုန်ထွက်လာတဲ့

ကာလာစုံရနံ့တွေ

ကြာတော့

ကိုယ့်ကိုယ်ကိုတောင် မသတိချင်တော့

ရောဂါတော့ မသိ

အသက်တော့ ပျောက်ချင်လာပြီ ..........။



အိမ်တွင်းအောင်း ဘ၀ နဲ့

တစ်ကိုယ်တည်းနေလေရတာကြာပြီ

အခုမှ ငါ့ ဘ၀ ပိုမိုအထိးကျန်နေသလို

အဖော်ဆိုတာ မရှိ

အားပေးဖော်ဆိုတာ ဝေး

ချစ်ရတဲ့သူကပါ ငါဘေးမှာမရှိ

ငါ့ ဘေးမှာရှိနေတာက

ငါ့ အရွံမုန်းဆုံး ဆေးတွေပဲ ..........။



                                         ဆူးလွင့်နွေ

No comments:

Post a Comment