
ရောင်နီတွေ နိုးထလာခြင်းနဲ့ အတူ
တောက်လောင်နေတဲ့ လောင်မီးတွေ
နူးညံ့သော နှလုံးသားကို ၀ါးမျိုသွားခဲ့ပြီ ။ ။
ခံစားချက်တွေ ပျောက်ဆုံး
အမှောင်ထဲမှာ ပုန်းလို့နေရင်း
တိမ်တွေနဲ့ အတူ ရွက်လွင့်နေတဲ့ ငါကို
ပက်ဝန်းကျင် သင်
စိတ်ရိုင်းတွေ ၀င်
အမှားကို အမှန်ထင်
အမှန်ကို အမှားထင်
အမြင်တွေ ပြောင်းပြန်ဖြစ်
အသိတရားတွေ ကျွတ်လွတ်ကုန်ကြပြီ ။ ။
25 . 12 . 2012 နေ့
တိတ်ဆိတ်တဲ့ ခြေလှမ်းတွေနဲ့
ဝိုးတစ်ဝါးနဲ့ ပုံရိပ်တစ်ခု
ငါ ရဲ့ ခန္ဓာကိုယ်မှာ သန္ဓေတည်လာခဲ့ရင်း
ငွေမှုံနှင်းတွေ ကြဲချနေတဲ့
ဟေမာန်ဆောင်း ရဲ့ နံနက်ခင်း
အပြစ်ကင်းတဲ့ ချစ်ခြင်းတွေနဲ့
နှလုံးသားကို အသက်သွင်း (မွေးဖွား) ပေးခဲ့
မျှော်လင့်ချက်တွေက ရှင်သန်
လမ်းမှန်ရောက်ဖို့
ဖြူစင်ခြင်းတွေနဲ့ လမ်းပြပေးခဲ့တဲ့ သူမ
ငါ့ ဘ၀ ရဲ့ လမ်းပြကြယ်လေးပေါ့ ............။ ။
* ဆူးလွင့်နွေ *
No comments:
Post a Comment