Sunday 30 June 2013

သုံ့ပန်း

ချစ်သူက ပစ်ထားပါတယ်ဆို
သူငယ်ချင်းတွေက လာလာကျပ်
အထာမနပ် မရင့်ကျက်တဲ့ ငါ
ဒဏ်ရာတွေသာ မညီမညာဖြာထွတ်ခဲ့ .......။ ။
ဒီလိုနဲ့ ......
ကြယ်မစုံ ညရဲ့အလယ်
ဝေဒနာတွေ အစုံအလင်နဲ့
သူပစ်ထည့်လိုက်တဲ့ အလွမ်းတွေက
လက်ချောင်းဖျားက ဖေါက်ထွတ်
မျက်တွင်းတွေဟောက်ပက်ဖြစ်တဲ့ထိ
ဘောပင်တစ်ချောင်း၊စာအုပ်တစ်အုပ်
မီးအိမ်တစ်လုံးနဲ့ အာသာဖြေစရာရှားနေခဲ့......။ ။
ကြွေခဲ့ရပါပြီ မျက်ရည်တွေ
တိကျသေချာတဲ့ သတင်း
ထုတ်ပြန်မကြေညာသေးပေမယ့်လဲ
အချိန်မှန်ကျရောက် မွှေနှောက်တတ်တဲ့
မုန်းတိုင်းကြောင့်
ဥပေက္ခာလွင်ပြင်ထဲမှာ
တောင်းဆုတွေသာ အခါခါခြွေနေရတယ် ......။ ။
ချစ်သူ ရယ် ......
ငါ ရဲ့ ခံစားချက်ကို
ဥပေက္ခာပြုထားတဲ့ နင်ရဲ့လုပ်ရက်က
အတ္တမဆန်ပါဘူး
အချစ်ရဲ့ အတ္ထုပ္ပတ္တိကို
လိုက်လှန်ဖတ်ကြည့်မယ်ဆိုရင်
တစ်ဖက်သက် အချစ်သမားတိုင်း
ကြုံဆုံရမဲ့ အချစ်နိယာမပါ......။ ။
ချစ်သူရေ ......
တကယ်တော့
နင်ပြန်လည် အသက်သွင်းပေးခဲ့တဲ့
* ဆူးလွင့်နွေ * ဆိုတဲ့ ငါက
နင်ထားရာမှာ နေ
နင်သတ်ရင်လဲ သေရမယ့်
နင်ရဲ့ " သုံ့ပန်း " လေးပါဟာ .......။ ။



* ဆူးလွင့်နွေ *

No comments:

Post a Comment