1500 ဆင်းကဒ်
မြန်မာပြည်ကို ချီတတ်
ကွန်နရှင်တွေ ထိုးကျ
အချိန်တွေက ဆောင့်ဆောင့်တက်
ခြင်္သေ့တွေ ခုန်ခုန်ထွတ်တယ်.......။
ဆိုင်/လူကတော့ ဘောစိ
စက်တွေက ကောင်းတာမရှိ
စာတစ်လုံးရိုက်ဖို့အရေး
အသက်ကိုမှန်မှန်ရှူ
မျက်လုံး က ခပ်ပြူးပြူး
သော့တံကို ကိုင်ဆောင်ထားရ
ကီးဘုတ်ကကျွံ သော့တံနဲ့ ထွင်း
ဘေးလူကကြည့် ရယ်ကုန်ကြ၏ .........။
ကွန်နရှင်ပြန်တက်
သောက်မီးက ပျက်
နိုးကြပါဟဲ့ 90 မီးစက်
တပ်ထားတဲ့ ပန်ကာ
လည်ပါများတော့
ဟော..... ချွေးတွေထွက်ကုန်ပြီ ..........။
စိတ်တွေက လေ
စာ/ အကောင့် က ရေး/ပိက်မရ
Restart ကို ချ
အဆဲခံလိုက်ရ ငါ ဘဝ
အမျှ အမျှ အမျှ
* ဆူးလွင့်နွေ *
No comments:
Post a Comment